International Celebrity: အထူးထုတ် Pirelli ပြက္ခဒိန်မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချောတွေ

, updated

လစဉ်ထုတ်မဂ္ဂဇင်းမှာလည်း ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးတွေကိုသာ ပါဝင်စေတဲ့မဂ္ဂဇင်းဖြစ်ပါတယ်။

play

 

Pirelli ပြက္ခဒိန်ကို အထူးကန့်သတ်ထုတ်ဝေလေ့ရှိပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကိုလည်း သေသေချာချာရွေးချယ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွက် Pirelli ပြက္ခဒိန်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ ရိုက်ကူးခဲ့ပါတယ်။

ရိုက်ကူးရေးကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး နစ်ကိုးကစ်ဒ်မန်း၊ ကိတ်ဝင်းစလက်၊ အူမာသာမန်နဲ့ ပင်နီလုပ်ခရုဇ်တို့က ကိုယ်ဟန်ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၄၉ နှစ်အရွယ် နစ်ကိုးကစ်ဒ်မန်းက သားရေဂျက်ကင်အနက်ကိုဝတ်ထားကာ သူမရဲ့နာမည်ကျော်မေးရိုးလှလှတွေနဲ့ ခပ်စူးစူးကြည့်ထားပါတယ်။

play

 

ကိတ်ဝင်းစလက်ကတော့ သူမရဲ့အသားအရေကို ဦးစားပေးပြသထားပြီး အမျိုးသမီးတစ်ဦးရဲ့တည်ငြိမ်တဲ့အသွင်ကို သရုပ်ပြထားတာပါ။

play

 

အူမာသာမန်ကတော့ ဆွယ်တာပွပွတစ်ထည်ကိုဝတ်ပြီး သဘာဝအကျဆုံးအနေအထားနဲ့ အားပါးတရ ရယ်မောနေခဲ့ပါတယ်။

play

 

အသက် ၄၀ ရှိပြီဖြစ်တဲ့ ပင်နီလုပ်ခရုဇ်ကတော့ ဆယ်ကျော်သက်မလေးလို ဘောင်းဘီတိုလေးဝတ်ကာ ဆံပင်လေးဖွာရရာနဲ့ လူငယ်ဆန်ဆန်အနေအထားနဲ့ ဓာတ်ပုံရိုက်ထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ