International Celebrity: ဘရစ်တနေ အပါအဝင် Pokemon Go စွဲနေတဲ့ ဆယ်လီများ

ပိုကီမွန်ဖမ်းချင်တဲ့ သားနှစ်ယောက်က သူမကို ဈေးဝယ်ထွက်ရန်သာ တစ်ချိန်လုံး ပြောနေတယ်လို့လည်း ဘရစ်တနေက ဆိုပါတယ်။

play


သားနှစ်ယောက်အဆွယ်ကောင်းလို့ Pokemon Go စွဲနေတယ်လို့ ဘရစ်တနေစပီးယားစ်က ဖွင့်ဟပြောကြားပါတယ်။ အသက် ၁၀ နှစ်သား ပရက်စတန်နဲ့ ၉ နှစ်သား ဂျေဒန်တို့နှစ်ဦးက သူမကို Pokemon Go စမတ်ဖုန်းဂိမ်းနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် သူမတို့ သားအမိသုံးဦးလုံး တစ်ချိန်လုံး ပိုကီမွန်ရှာဖွေဖမ်းဆီးနေဖြစ်တယ်လို့ ဘရစ်တနေက ဆိုပါတယ်။

play


သြစတြေလျးမှ 2DayFM နဲ့ မေးမြန်းမှုမှာ ဘရစ်တနေက သားအမိတတွေ Pokemon Go ကို အချိန်အတော်များများ ဆော့ဖြစ်ပြီး စွဲလန်းနေကြောင်း ပြောခဲ့တာပါ။

ပိုကီမွန်ဖမ်းချင်တဲ့ သားနှစ်ယောက်က သူမကို ဈေးဝယ်ထွက်ရန်သာ တစ်ချိန်လုံး ပြောနေတယ်လို့လည်း ဘရစ်တနေက ဆိုပါတယ်။ နွေရာသီကာလမှာ ဘာမျှလုပ်စရာမရှိရင် ပိုကီမွန်ရှာကြတာပေါ့လို့လည်း ဘရစ်တနေက အရွှန်းဖောက်ခဲ့ပါသေးတယ်။

play


Pokemon Go ကို စွဲလန်းတဲ့ ဆယ်လီတွေထဲမှာ ဘရစ်တနေအပြင် ဂျက်စတင်ဘီဘာလည်း ပါဝင်ပါတယ်။ ဘီဘာက နယူးယော့ခ်မြို့လယ်ပန်းခြံမှာ အခြာ Pokemon Go ကစားသူတွေနဲ့အတူ ရှားပါးတဲ့ ပိုကီမွန်ကို လာရောက်ရှာဖွေခဲ့သေးကြောင်း သိရပါတယ်။

play


ပန်းခြံထဲမှာ ဘီဘာတစ်ယောက် ပိုကီမွန် ရှာဖွေနေတာကို သူ့ရဲ့ မန်နေဂျာက ဗီဒီယိုရိုက်ပြီး အွန်လိုင်းမှာ လွှင့်တင်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျွန်မေယာကလည်း Pokemon Go ဂိမ်းမှာ PokeCoins တွေရဖို့အတွက် ဒေါ်လာ ၉၉.၉၉ သုံးစွဲခဲ့ပါတယ်။

play


တိုင်ဂါကတော့ ဘူဒါပတ်စ်လေဆိပ်မှာ ချစ်သူ ကိုင်လီဂျန်နာကို ဂရုမစိုက်နိုင်ဘဲ ပိုကီမွန်ရှာခဲ့တာ တွေ့ရပါတယ်။

play


လီလီအလန်တစ်ယောက်လည်း ဘုရားကျောင်းရောက်ရှိချိန်မှာပင် Pokemon Go ကစားရင်း ပိုကီမွန်ရှာနေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

play


ကမ္ဘာတစ်ဝန်း လူကြိုက်များ ရေပန်းစားနေတဲ့ Pokemon Go စမတ်ဖုန်းဂိမ်းကို မြန်မာနိုင်ငံမှာလည်း ကစားလို့ရနေပြီလို့ လူမှုကွန်ယက်သုံးစွဲသူ အချို့က ပြောကြားထားပါတယ်။
Source & Photo: Hollywood

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ