play

 

ဒေးဗစ်ဘက်ခမ်းဟာ Bentley Continental နဲ့ Rolls Royce Phantom အပါအဝင် ဇိမ်ခံကားတွေအများကြီး ပိုင်ဆိုင်တဲ့သူပါ။

play

 

ဒါပေမဲ့ ဒေးဗစ်ဘက်ခမ်းဟာ လန်ဒန်မြို့ကို ပတ်ဖို့အတွက် ရှေးဟောင်းကားတစ်စီးကို ရွေးချယ်ခဲ့ပါတယ်။

play

 

အသက် ၄၁ နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးဟာ ၁၉၆၉ ခုနှစ်ထုတ် ခဲရောင်ဂန္ထဝင်ကားကြီးကို ပေါင် ၇ သောင်း (ဒေါ်လာ ၈ သောင်းခွဲကျော်) ပေးပြီး ဝယ်ခဲ့တာဖြစ်ပါတယ်။

မူရင်းကားမှာ ဘက်ခမ်းအရမ်းကြိုက်တဲ့ မင်းသား စတိဗ်မက်ကွင်းက ၁၉၇၁ ခုနှစ်က ပြသခဲ့တဲ့ Le Mans ရုပ်ရှင်ကားထဲမှာ မောင်းနှင်ခဲ့တာဖြစ်ပြီး အဲဒီကားကို  ပေါင် ၈ သောင်းခွဲနဲ့ လေလံတင် ရောင်းချခဲ့ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်း အဲဒီရှေးဟောင်းကားလေးကို သူတို့မိသားစုရဲ့လန်ဒန်မြို့ရှိ အိမ်အနီးမှာ လျှောက်မောင်းနေခဲ့တာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video