International Celebrity: PSY နဲ့ Big Bang သီချင်းဗီဒီယိုများ ရိုက်ကူးတဲ့ ဒါရိုက်တာ ဖမ်းဆီးစွဲချက်တင်ခံရ

ဒါရိုက်တာက သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူနဲ့ အဆက်အသွယ်ရှိမှုကို အသုံးချပြီး အစိုးရဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီများထံမှ အကျိုးအမြတ်များတဲ့ ရိုက်ကူးရေးလုပ်ငန်း ကန်ထရိုက်လုပ်ကိုင်ခွင့်တွေ ရယူခဲ့ပါတယ်။

play
ဒါရိုက်တာချာအွန်တေးကို ဖမ်းဆီးလာစဉ်


တောင်ကိုရီးယားနိုင်ငံမှ K-pop သီချင်းဗီဒီယိုများ ရိုက်ကူးတဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးကို သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးစွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

ဖမ်းဆီးစွဲချက်တင်ခံရတဲ့ ဒါရိုက်တာချာအွန်တေးဟာ အဆိုတော် PSY ရဲ့ 'Gangnam Style' နဲ့ ကမ္ဘာကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ Big Bang တို့ရဲ့ တေးသီချင်းဗီဒီယိုများ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

 

အဆိုပါ ဒါရိုက်တာက သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်နဲ့ အဆက်အသွယ်ရှိမှုကို အသုံးချပြီး အစိုးရဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီများထံမှ အကျိုးအမြတ်များတဲ့ ရိုက်ကူးရေးလုပ်ငန်း ကန်ထရိုက်လုပ်ကိုင်ခွင့်တွေ ရယူခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

play
တောင်ကိုရီးယားသမ္မတနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ မျက်နှာဖုံ့းများ တပ်ဆင်ကာ ဆန္ဒပြစဉ်


စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားမှုအရ ချိုဆွန်ဆေးလ်ဟာ သမ္မတပတ်ဂွန်ဟေးနဲ့ သူငယ်ချင်းဖြစ်မှုကို အသုံးချပြီး ဆမ်ဆောင်းအပါအဝင် တောင်ကိုရီးယား ထိပ်တန်းကုမ္ပဏီကြီးများထံမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ကို သူမရဲ့ ဖောင်ဒေးရှင်းတွေအတွက် ဖိအားပေး ထည့်ဝင်စေခဲ့ကြောင်း သိရပါတယ်။

play
PSY ရဲ့ Gangnam Style


သမ္မတပတ်ဂွန်ဟေး ကိုယ်တိုင်ကလည်း တေးသီချင်းဗီဒီယို ဒါရိုက်တာ ချာအွန်တေးအတွက် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ရိုက်ကူးရေးလုပ်ငန်း ကန်ထရိုက်လုပ်ကိုင်ခွင့် ရရှိရန်အတွက် ကူညီပေးဖို့ သူမရဲ့ စီးပွားရေးအကြံပေးအရာရှိဟောင်းကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

play
တောင်ကိုရီးယားသမ္မတနုတ်ထွက်ရန် ပြည်သူသိန်းနဲ့ချီ ဆန္ဒပြစဉ်


အသက် ၄၆ နှစ်အရွယ် သီချင်းဗီဒီယိုဒါရိုက်တာကို အာဏာအလွဲသုံးစားပြုမှု၊ အကျပ်ကိုင်မှုနဲ့ အလွဲသုံးစားမှုတို့ဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းကို နိုင်ငံရေးကိစ္စတွေကို ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ရာမှ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေး ပေါ်ပေါက်လာခဲ့ပြီး ၎င်းကို သမ္မတအဖြစ်မှ နုတ်ထွက်ရန် အကြီးအကျယ် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ