AD
AD
AD
play

 

ရီပါဘလစ်ကန်အမျိုးသားညီလာခံရဲ့ ပထမညမှာ ဒေါ်နယ်ထရန့်က Queen အဖွဲ့ကို ဒေါသပုန်ထစေတဲ့ လုပ်ရပ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒေါ်နယ်ထရန့်ဟာ Queen အဖွဲ့ရဲ့သီချင်း "We Are The Champians" ကို ဖွင့်လို့ ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ နားထင်သွေးရောက်နေတဲ့ လုပ်ရပ်မျိုးဖြစ်ရုံသာမက ယင်းအဖွဲ့က သုံးခွင့်လည်း ပေးမထားတဲ့အပြင် အဲဒီလိုမလုပ်ဖို့လည်း ပြောထားပြီးသား ဖြစ်ပါတယ်။

play

 

Queen အဖွဲ့က ဒီလိုလုပ်တာ မကောင်းကြောင်းကို တွစ်တာမှာ ရိုးရိုးလေးပဲ ရေးသားပြီး ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ ခွင့်မပြုဘဲ ရီပါဘလစ်ကန်ညီလာခံမှာ အသုံးပြုခဲ့တယ်" လို့ ရေးသားခဲ့တာပါ။

ဇွန်လတုန်းကလည်း Trump က Queen ရဲ့သီချင်းတွေကို ခွင့်ပြုချက်မပေးဘဲ အသုံးပြုခဲ့တဲ့အတွက် ထပ်မသုံးဖို့ ပြောခဲ့ဖူးပါတယ်။

"Queen ရဲ့သီချင်းတွေကို နိုင်ငံရေးမဲဆွယ်တဲ့လက်နက်တစ်ခုအဖြစ် အသုံးပြုခြင်းကို ကျွန်တော်တို့ ခွင့်မပြုပါဘူး" လို့ ဘရိုင်ယန်မေက ပြောခဲ့ပါတယ်။

Source &  Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD