International Celebrity: လန်ဒန်ရဲ့ နာမည်ကျော်ဖက်ရှင်ပွဲကို အထူးဖိတ်ကြားခံရတဲ့ Rain

ပထမဆုံး ဖိတ်ကြားခံရတဲ့ တောင်ကိုရီးယား အနုပညာရှင်လည်း ဖြစ်ပါတယ်။

play

 

တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် Rain ဟာ လန်ဒန်မှာပြုလုပ်မယ့် Fashion Awards 2016 တက်ရောက်ဖို့ ဖိတ်ကြားခံထားရတယ်လို့ သိရပါတယ်။ ဒီပွဲဟာ ဂုဏ်သတင်းကျော်ဇောတဲ့ ပွဲကြီးတစ်ပွဲဖြစ်ပြီး ကိုရီးယားအနုပညာရှင်တစ်ဦးကို ပထမဆုံး ဖိတ်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

play

 

ဖက်ရှင်နယ်ပယ်ထဲက ဒီဇိုင်နာတွေ၊ မော်ဒယ်တွေနဲ့ ဆယ်လီတွေကိုလည်း တစ်စုတစ်စည်းတည်း မြင်ရမယ့်ပွဲတစ်ပွဲပါ။ ယမန်နှစ်က ပွဲမှာဆိုရင်လည်း ကားလ်လေဂါဖဲလ်၊ စတယ်လာမက်ကတ်တနေ၊ ဗစ်တိုးရီးယားဘက်ခမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ပွဲကိုတော့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး Rain တက်ရောက်မယ်လို့ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ