International Celebrity: Rapping ရွတ်တာလည်းကျွမ်းတဲ့ လူပီတာညွှန်းအို

, updated

သရုပ်ဆောင်ရုံတင်မက အဆိုလည်း ကျွမ်းပါပေတယ်။

play

 

ကန်ညာသူလေး လူပီတာညွှန်းအိုဟာ သဏ္ဌာန်လုပ်သရုပ်ဆောင်ရာမှာ ပီပြင်ရုံသာမက အဆိုပိုင်းမှာလည်း ပါရမီပါလာပုံရပါတယ်။ သူမက  သူမရဲ့အင်စတာဂရမ်ကို follow ပြုလုပ်သူပေါင်း ၃ သန်း ပြည့်သွားတဲ့အထိမ်းအမှတ်အဖြစ် rap စာသားတစ်ပိုဒ်ကို အင်စတာဂရမ်ပေါ်ကတစ်ဆင့် ပရိသတ်ကို ရွတ်ပြခဲ့တာဖြစ်ပါတယ်။

play

 

" မက္ကဆီကန်မှာမွေးဖွား၊ ကန်ညာစိတ်ဓာတ် သွေးထဲမှာစီးသွား..." အစချီကာ ပေါ့ပေါ့ပါးပါးစတိုင်လ်နဲ့ rapping ရွတ်သွားခဲ့တာပါ။ Lancôme မော်ဒယ်ပီပီ သူမကြော်ငြာခဲ့တဲ့ အမှတ်တံဆိပ်ကိုလည်း ထည့်ရွတ်သွားပါသေးတယ်။

play

 

လူပီတာညွှန်းအိုဟာ ၂၀၁၄ ခုနှစ် အော်စကာဆုပေးပွဲမှာ 12 Years a Slave ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Source : Lupita Nyong'o Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ