International Celebrity: Reddit တွဲဖက်တည်ထောင်သူနဲ့ ဆရီနာဝီလျံစေ့စပ်

သူမရဲ့စေ့စပ်မှုသတင်းကို ကဗျာဆန်ဆန် ရေးသားအသိပေးခဲ့ပါတယ်။

play

 

တင်းနစ်အကျော်အမော် ဆရီနာဝီလျံဟာ Reddit ဝက်ဘ်ဆိုက်ကို တွဲဖက်တည်ထောင်သူ အဲလက်စစ် အိုဟန်းနီးယန်းနဲ့ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။ ဒီသတင်းကို Reddit ဝက်ဘ်ဆိုက်မှာ ဆရီနာက ဦးဦးဖျားဖျား  စတင်ဖော်ပြခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ် တင်းနစ်မယ်က သူမရဲ့စေ့စပ်မှုသတင်းကို ကဗျာဆန်ဆန် ရေးသားအသိပေးခဲ့ပါတယ်။ " အိမ်ကိုပြန်ရောက်ခဲ့တယ်။ နည်းနည်းနောက်ကျတယ်။ တစ်စုံတစ်ယောက်က ကျွန်မအတွက် အထုပ်အပိုးပြင်ဆင်ပေးထားခဲ့တယ်။ ပြီးတော့ ရထားလုံးတစ်စီးကလည်း စောင့်နေခဲ့တယ်လေ။ သွားမည့်နေရာ... ရောမမြို့သို့" လို့ အစချီတဲ့  စာလေးကို သူမရဲ့ Reddit အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

အိုဟန်းနီးယန်းကတော့ ခပ်ရှင်းရှင်းပါပဲ။ " သူမက ရက်စ်လို့ ပြောတယ်" လို့ သူတို့ရဲ့အကြောင်းကို ထုတ်ပြောထားပါတယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်နေတာကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ကြပါဘူး။ စေ့စပ်တော့မှသာ လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။ E! သတင်းမှာတော့ ဆရီနာနဲ့ အိုဟန်းနီးယန်းတို့ ၂၀၁၅ ခုနှစ်တည်းက စတင်ချစ်ကြိုက်နေကြောင်း ဖော်ပြဖူးပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ