စတန့်မင်းသမီး အိုလီဗီယာဂျက်ဆန်ဟာ ၂၀၁၅ ခုနှစ်မှာ Resident Evil: The Final Chapter ဇာတ်ကားရိုက်ကူးစဉ် မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ စီးလာစဉ် ကရိန်းပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ မျက်နှာကို ရိုက်မိသွားရင်း ဆိုင်ကယ်မှောက်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် အိုလီဗီယာဟာ ၁၇ ရက် သတိမေ့မြောနေခဲ့ပြီး မျက်နှာတစ်ခုလုံး ဒဏ်ရာအပြင်းအထန်ရကာ၊ လည်ပင်းသွေးလွှတ်ကြောလည်း ထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လက်မောင်းရိုး ကျိုးသွားခဲ့ပြီး လက်တစ်ဖက် အကြောသေသွားကာ အဆုတ်လည်း ပေါက်သွားခဲ့ပါတယ်။
ချာလီသီရွန်နဲ့ မီလာယိုဗိုဗစ်ခ်ျတို့လို နာမည်ကြီးမင်းသမီးတွေအတွက် စွန့်စားခန်းတွေမှာ အစားထိုးသရုပ်ဆောင်ပေးရတဲ့သူမဟာ ဝမ်းနည်းနေလို့ သူမရဲ့လက်မောင်းက ပြန်ထွက်မလာဘူးလို့ ဆိုပါတယ်။
"တစ်ခါတလေတော့ ကျွန်မရဲ့လက်ငုံးတိုလေးကို မှန်ထဲမှာမြင်ရရင် ဝမ်းနည်းမိတယ်။ ဘဝကို စိတ်ဓာတ်ကျနေလို့ ဘာမှ ထူးလာမှာမှ မဟုတ်တာလေ။ ကျွန်မလက်လည်း ပြန်ထွက်လာမှာမဟုတ်ဘူး။ ကျွန်မရဲ့ အရင်က မျက်နှာကို ပြန်လိုချင်ပေမဲ့ အခု အမာရွတ်တွေကို ဖုံးကွယ်ဖို့ ဆံပင်ကို ချထားလိုက်တော့တယ်" လို့ သူမက ဆိုပါတယ်
ချာလီသီရွန်နဲ့ မီလာယိုဗိုဗစ်ခ်ျတို့ နှစ်ဦးစလုံးကလည်း သူမဆီကို ပန်းစည်းတွေ ပို့ပေးခဲ့ကြပါတယ်။
သူမရဲ့ခန္ဓာကိုယ်က မလှုပ်နိုင်တော့တဲ့ လက်မောင်းကို မသယ်နိုင်တော့တဲ့အတွက် ဖြတ်ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။
အခက်ခဲဆုံးအချိန် တစ်လျှောက်လုံး သူမကို ကူညီပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ကို ကျေးဇူးတင်ကြောင်းလည်း အိုလီဗီယာက ပြောခဲ့ပါတယ်။
Source & Photos : Metro