International Celebrity: ဟောလိဝုဒ်မင်းသမီးတွေ အနုပညာကြေးမမျှတကြောင်း ငြီးတွားတဲ့သူက Rogue One မှာ အနုပညာကြေးအများဆုံးရ

အတိအကျတော့ ထုတ်မပြောပေမဲ့ အားလုံးထက်သာတာတော့ သေချာပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီးတွေရဲ့ အနုပညာကြေးဟာ မင်းသားတွေနဲ့ယှဉ်ရင် နည်းပါးနေတဲ့အပေါ် မကျေနပ်တဲ့အကြောင်း ဖလစ်စီတီဂျုန်းစ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖူးပါတယ်။ သူမအနေနဲ့တော့ သူမရဲ့အားထုတ်မှုနဲ့ ထိုက်တန်တဲ့ အနုပညာကြေးကိုသာ မျှမျှတတရလိုပါတယ်လို့လည်း ပြောဖူးသူပါ။

play

 

လက်ရှိ ရုံတင်ပြသနေတဲ့ Star Wars : Rogue One မှာ ပါဝင်ထားသူတွေရဲ့ အနုပညာကြေးတွေ ထွက်ပေါ်လာချိန်မှာတော့ ဂျုန်းစ်ရဲ့အနုပညာကြေးက အများဆုံးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူမက ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Jyn Erso နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အမျိုးသားသရုပ်ဆောင်တွေထက်လည်း ပိုပြီးများတယ်လို့ သိရပါတယ်။

Source : THR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ