International Celebrity: အသက် ၇ဝ ကျော်မှ ကလေးထပ်ရသွားတဲ့ Rolling Stones အဆိုတော်ကြီး မစ်ဂျက်ဂါ

အငယ်ဆုံးသားက မြစ်ထက်တောင် ငယ်နေပါသေးတယ်။

play

 

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ Rolling Stones ရဲ့ အဆိုရှင် ရော့ခ်ကာကြီး မစ်ဂျက်ဂါဟာ အသက် ၇၃ နှစ်မှာ ကလေးအဖေဘဝကို ထပ်မံရောက်ရှိသွားပါတယ်။ မစ်ရဲ့ချစ်သူ မယ်လာနီ ဟမ်းမ်ရစ်က မစ်အတွက် သားလေးတစ်ယောက်ကို ကြာသပတေးနေ့က မွေးဖွားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ မစ်အတွက် တတိယမြောက်ရင်သွေးလည်း ဖြစ်ပါတယ်။

play

 

အဆိုကောင်းရုံသာမက စွမ်းဆောင်ရည်ပါကောင်းတဲ့ ဆာဘွဲ့ခံ မစ်ဂျက်ဂါဟာ ၁၃ နှစ်ကြာ အတူပေါင်းသင်းခဲ့တဲ့ချစ်သူ ကွယ်လွန်တဲ့ ၂၀၁၄ ခုနှစ်မှာပဲ အချစ်သစ်ကိုထပ်မံတွေ့ရှိခဲ့သူပါ။ မစ်ရဲ့လက်ရှိချစ်သူ ဟမ်းမ်ရစ်က အသက် ၂၉ နှစ်သာ ရှိပါသေးတယ်။ ဟမ်းမ်ရစ်မွေးခဲ့တဲ့ သားလေးဟာ မစ်ရဲ့မြေးကမွေးတဲ့ မြစ်လေးထက် အသက် ၂ နှစ်ခွဲတောင် ပိုငယ်နေပါသေးတယ်။

Source : RTE

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ