International Celebrity: တရုတ်ပရိသတ်တွေဆီ အရောက်သွားမယ့် Running Man အဖွဲ့သားများ

တရုတ်နိုင်ငံရဲ့ မြို့တော်ကြီး ၆ ခုမှာ ပရိသတ်တွေ့ဆုံပွဲတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

တောင်ကိုရီးယား ရုပ်သံအစီအစဉ် Running Man ကို ကမ္ဘာတစ်ဝန်းမှာ သဘောကျနှစ်ခြိုက်သူတွေ များပြားပါတယ်။ ပြည်ပနိုင်ငံတွေထဲမှာ Running Man ပရိသတ်တွေအများဆုံးရှိတာကတော့ တရုတ်နိုင်ငံပါ။ ခုတော့ ပရိသတ်တွေရှိရာကို Running Man အဖွဲ့သားတွေ အရောက်သွားကာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

play

 

စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံရဲ့ မြို့တော်ကြီး ၆ ခုမှာ ပရိသတ်တွေ့ဆုံပွဲတွေကို ပြုလုပ်သွားမယ်လို့ SBS ရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။ ယူဂျေဆော့၊ လီကွမ်ဆူး၊ ဆောင်းဂျီဟို၊ ဂယ်ရီ၊ ဂျီဆော့ဂျင်း၊ ကင်ဂျောင်ကွတ်နဲ့ ဟားဟားတို့ အားလုံးသွားရောက်ကြမှာပါ။ အဖွဲ့သားတွေအားလုံးရဲ့ ပထမဆုံး တရုတ်ပြည်ပရိသတ်တွေ့ဆုံပွဲလည်း ဖြစ်လာပါတယ်။

Source : Yonhap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ