International Celebrity: Running Man အစီအစဉ်ကနေ ဂယ်ရီနုတ်ထွက်မည်

ဂယ်ရီနဲ့ Running Man ဆိုတာ ခွဲခြားလို့ မရခဲ့ပါဘူး။

play

 

နာမည်ကျော်ရုပ်သံအစီအစဉ်ဖြစ်တဲ့ Running Man မှာ ပင်တိုင်ပါဝင်နေသူ အဆိုတော်ဂယ်ရီဟာ မကြာခင် နုတ်ထွက်တော့မှာဖြစ်ပါတယ်။

ဂယ်ရီရဲ့ Running Man အစီအစဉ် နောက်ဆုံးရက်ဟာ အောက်တိုဘာ ၃၁ ရက် ဖြစ်တဲ့အကြောင်း SBS ရုပ်သံက ကြေညာလိုက်ပါတယ်။ ကိုရီးယားမီဒီယာတွေမှာ ရေးသားထားပုံအရဆိုရင် ဂယ်ရီဟာ အစီအစဉ်ကနေ နုတ်ထွက်ဖို့ ယခုနှစ်စကတည်းက ဆန္ဒရှိနေခဲ့တာလို့ သိရပါတယ်။ ပါဝင်နေတဲ့ဆယ်လီတွေနဲ့ ဝန်ထမ်းတွေက အတင်းဆွဲထားလို့သာ ယခုထိ ပါဝင်နေခဲ့တာပါ။

play

 

ဂယ်ရီဟာ Running Man အစီအစဉ် စကတည်းက ပါဝင်လာခဲ့တာ ယခုဆို ၇ နှစ်ရှိပါပြီ။ ခုတော့ ဂီတဘက်ကို အာရုံစိုက်ချင်လို့ အစီအစဉ်ကနေ နုတ်ထွက်ချင်တာလို့ ပြောပါတယ်။

Source : SBS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ