International Celebrity: Running Man က ထွက်ခွာမယ့် ဂယ်ရီအပေါ် ဂျီဟိုဘာပြောသလဲ

, updated

ဂျီဟိုနဲ့ ဂယ်ရီတို့ဟာ Running Man မှာ ပါဝင်ရင်း အတော်ရင်းနှီးခဲ့ကြပြီး သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

play

 

၇ နှစ်ကြာ ပါဝင်လာခဲ့တဲ့ Running Man အစီအစဉ်ကနေ ထွက်ခွာတော့မယ်လို့ ဂယ်ရီက ပြောလိုက်ပြီးတဲ့နောက် ဆုန်းဂျီဟိုကလည်း သူမရဲ့အမြင်ကို ထုတ်ပြောလာပါတယ်။

play

 

" အဲဒါနဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ တစ်စုံတစ်ရာပြောဖို့တော့မရှိပါဘူး။ ဒါပေမဲ့ အလုပ်အတူတွဲလုပ်ဖူးသူအနေနဲ့တော့ သူ့ကိုအားပေးနေမှာပါ။ ပရိသတ်တွေအနေနဲ့ သူ့ရဲ့အမှတ်တရတွေကို စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ဇာတ်ကားလေးကိုလည်း အားပေးပေါ့နော်" လို့ ပြောသွားခဲ့ပါတယ်။

play

 

ယနေ့ (အောက်တိုဘာ ၂၆ ရက်) ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂယ်ရီနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲကတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ 'This Week, My Wife Is Cheating' ဇာတ်ကားနဲ့ပတ်သက်ပြီး ပြုလုပ်တာဖြစ်ပါတယ်။

Source : Variety

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ