International Celebrity: ဆောင်းဂျီဟိုနဲ့ကင်ဂျုံးဂုလည်း Running Man ကနေ ထွက်ပြီ

ဂယ်ရီမရှိတဲ့နောက် ဆောင်းဂျီဟိုလည်း ထွက်ခွာပါတော့မယ်။

play

 

Running Man အစီအစဉ်ရဲ့ လူကြိုက်အများဆုံး အဖွဲ့ဝင်တွေဖြစ်တဲ့ ဆောင်းဂျီဟို (ပြိုင်စံရှား) နဲ့ ကင်ဂျုံးဂု (ကွန်မန်ဒါ) တို့ဟာ Running Man အစီအစဉ်ကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အဖွဲ့ဝင်သစ်အနေနဲ့တော့ ကန်ဟိုဒေါင်က ၂၀၁၇ ခုနှစ်မှာ စတင်ဝင်ရောက်လာမှာပါ။

play

 

ဂျီဟိုအတွက် သရုပ်ဆောင်ဘက်မှာရော ရုပ်သံအစီအစဉ်ဘက်မှာပါ နှစ်ခုလုံးပဲ့ကိုင်နိုင်ဖို့ ခက်ခဲတာကြောင့် ထွက်ခွာရခြင်းဖြစ်တယ်လို့ ဂျီဟိုရဲ့အေဂျင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ ဂျီဟိုက Running Man ကနေ ထွက်ခွာပြီးရင် သရုပ်ဆောင်ဘက်ကို အာရုံစိုက်မယ်လို့ ဆိုပါတယ်။ ဘယ်နေ့ထွက်မလဲဆိုတာတော့ ဆွေးနွေးတုန်းပါပဲ။ ဂျုံးဂုရဲ့ အေဂျင်စီကလည်း ဂျုံးဂုထွက်မယ့်အကြောင်း အတည်ပြုပြီး ရက်အတိအကျကိုတော့ မပြောသေးပါဘူး။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ