International Celebrity: Running Man အစီအစဉ် အပြီးတိုင်ရပ်နားတော့မည်

၂၀၁၀ ဇူလိုင်လမှာ စတင်ခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီမှာ ရပ်စဲတော့မှာပါ။

play

 

SBS ရုပ်သံလိုင်းရဲ့ အောင်မြင်မှုအကြီးမားဆုံး ရုပ်သံအစီအစဉ်ဖြစ်တဲ့ Running Man ဟာ ၇ နှစ်နီးပါး ပြသပြီးနောက်မှာ အဆုံးသတ်တော့မယ်လို့ သိရပါတယ်။ ဂယ်ရီ၊ ဂျီဟိုနဲ့ ဂျုံးဂုတို့လို ပရိသတ်အချစ်ဆုံး အဖွဲ့ဝင်တွေက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ အစီအစဉ်ကို ရပ်စဲလိုက်ရဖို့အထိ ဖြစ်လာခဲ့ပါတော့တယ်။

play

 

Running Man အစီအစဉ်ရဲ့ PD ဖြစ်တဲ့ လီဟွမ်ဂျင်းက အစီအစဉ်ရပ်နားတော့မှာဖြစ်ကြောင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မီဒီယာတွေကို ထုတ်ပြောလိုက်ပါတယ်။ အဖွဲ့ဝင်တွေနဲ့ ထုတ်လုပ်သူတွေကြား နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်လာတာကြောင့် ဆိုးလ်မှာ အရေးပေါ်အစည်းအဝေးထိုင်ပြီးနောက် Running Man ကို ဖေဖော်ဝါရီမှာ အပြီးတိုင်ရပ်နားဖို့ ဆုံးဖြတ်လိုက်ကြကြောင်း ဟွမ်ဂျင်းက ပြောပါတယ်။

Source : All Kpop

Running Man ဆက်လက်ပြသဖို့ အခကြေးငွေပေးရမယ်ဆိုရင် ပေးဖို့စိတ်ကူးရှိလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ