International Celebrity: အလန်းဆုံးပုံစံတွေနဲ့ ပြန်လာကြမယ့် S.E.S အဖွဲ့

နှစ် ၂၀ ရှိသွားပါပြီ။

play

 

ကေပေါ့ပ်လောကရဲ့ ရှေ့ဆောင်လမ်းပြတွေဖြစ်ခဲ့တဲ့ S.E.S အဖွဲ့ဟာ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြန်လည်စုစည်းပြီး အယ်လ်ဘမ်ထုတ်တော့မှာပါ။ ငယ်ရွယ်နုပျိုမှုတွေထက် တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးတွေအသွင်နဲ့ မြင်ရမယ့် S.E.S အဖွဲ့ဝင်သုံးဦးရဲ့ ပုံတွေကိုလည်း စတင်မြင်တွေ့လိုက်ရပါပြီ။

play

 

အူဂျင်းက သူမရဲ့ အင်စတာဂရမ်ပေါ်မှာ S.E.S အဖွဲ့ဝင်တွေရဲ့ ပိုစတာသစ်တွေကို တင်ထားတာဖြစ်ပါတယ်။

play

 

အူဂျင်းအပါအဝင် ဘာဒါနဲ့ ရှုးတို့ရဲ့ ပုံတွေမှာ ငယ်မူငယ်သွေးအပြည့်နဲ့ ချစ်စရာဟန်တွေကို လွန်ခဲ့တဲ့ နှစ် ၂၀ က အတိုင်း ပြန်လည် မြင်တွေ့နေရပါတယ်။ S.E.S အဖွဲ့ဝင်တွေဟာ ယခုနှစ်ကုန် ဒီဇင်ဘာ ၃၀ ၊ ၃၁ ရက်တွေမှာလည်း ဖျော်ဖြေပွဲတွေ ပြုလုပ်ကြဦးမှာ ဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ