play

 

တောင်ကိုရီးယားအနုပညာရှင်တွေထဲမှာ အကျော်ကြားဆုံးစာရင်းဝင်တဲ့ ဆောင်ဆန်ဟွန်း (ဂျွန်စော)နဲ့ လီယောင်အေး (ချန်ဂင်)တို့ကို ရာဇဝင်ကား တစ်ကားမှာ အတူတွဲမြင်ရတော့မှာပါ။

play

 

ဒီဇာတ်ကားကို အဓိကခေါင်းဆောင်သွားမှာကတော့ လီယောင်အေးပါ။ ဇာတ်ကားမရိုက်တာ ကြာနေပြီဖြစ်တဲ့ သူမက ဒီကားထဲမှာတော့ ရှင်ဆမ်ဒန်းနဲ့ ဆိုဂျီယွန်း နေရာတွေကနေ စရိုက်နှစ်မျိုးနဲ့သရုပ်ဆာင်ထားဖြစ်ပါတယ်။ ဆောင်ဆန်ဟွန်းကတော့ လီကျွမ်းအမည်ရှိ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။

play

 

'Saimdang: the Herstory' ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ စတင်ပြသမယ့်အကြောင်း အဓိကဇာတ်ကောင်တွေရဲ့ပိုစတာနဲ့အတူ SBS က ကြေညာထားပါတယ်။ မူလကတော့ ၂၀၁၆ ခုနှစ်ထဲမှာပဲ ပြသဖို့ရည်ရွယ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်နှစ်ဆန်းကိုရွှေ့သွားတာလည်းဖြစ်ပါတယ်။

Source : SBS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video