International Celebrity: အအော်သန်တဲ့ Scream Queens မင်းသမီးလေး

, updated

လောက်ဒ်ဟာ ၂၀၁၇မှာ ရုံတင်ပြသမယ့် Star Wars: Episode VIII မှာလည်း ဆက်လက် ပါဝင်ဦးမှာဖြစ်သလို Scream Queens Season 2 မှာလည်း သူမကို တွေ့မြင်ရဦးမယ်လို့ ဆိုပါတယ်။

play


နာမည်ကြီးလာတာ မကြာသေးတဲ့ မင်းသမီးချော ဘီလီလောက်ဒ်ဟာ လော့စ်အိန်ဂျလိစ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မင်းသမီးကြီး ဒပ်ဘီရိန်းနောရဲ့ မြေးမလေးလည်း ဖြစ်ပါတယ်။

play


၂၀၁၄ ခုနှစ် မှာ Star Wars: The Force Awakens ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။

play


သူမဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန် ဟာသလူသတ်ဇာတ်လမ်းတွဲ Scream Queens ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ Chanel #3 ဆိုတဲ့ အူကြောင်ကြောင် လူချမ်းသာ ကျောင်းသူလေးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

play


မင်းသမီး အမ်မာရောဘတ်၊ လီယာမစ်ရှယ်လ် တို့ပါ အဓိက ပါဝင်ထားတဲ့ Scream Queens ရုပ်ရှင်ဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ပြသပြီး မကြာခင်မှာပဲ လူငယ်ပရိသတ်ကြား အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

play


၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာပဲ Star Wars: The Force Awakens ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပြီး Lieutenant Connix အဖြစ် သရုပ်ဆောင်ခဲ့တဲ့ လောက်ဒ်ဟာ ၂၀၁၇မှာ ရုံတင်ပြသမယ့် Star Wars: Episode VIII မှာလည်း ဆက်လက် ပါဝင်ဦးမှာဖြစ်သလို Scream Queens Season 2 မှာလည်း သူမကို တွေ့မြင်ရဦးမယ်လို့ ဆိုပါတယ်။

play


မင်းသမီးချော လောက်ဒ်ကို ၁၉၉၂ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ