ပဲရစ်ဟီတန်က သူမနဲ့ ဘရစ်တနေစပီးယားစ်ရဲ့ ဓာတ်ပုံဟောင်းတစ်ခုကို မျှဝေရင်း ဆယ်လ်ဖီကို တီထွင်ခဲ့သူတွေအဖြစ် ပြောလိုက်ချိန်မှာ တစ်ကမ္ဘာလုံးက လက်မခံနိုင်ဘဲ သူတို့ထက် စောတဲ့ ဆယ်ဖီပုံတွေနဲ့ ပြန်ပြီး ချေပကြပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ် ပဲရစ်ဟီတန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွစ်တာမှာ ဘရစ်တနေနဲ့ သူမရဲ့ပုံကို မျှဝေပြီး "လွန်ခဲ့တဲ့ ၁၁ နှစ်တိတိက ကျွန်မနဲ့ ဘရစ်တနေက ဆယ်လ်ဖီကို တီထွင်ခဲ့တယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန် ဓာတ်ပုံပညာရှေ့ဆောင်တစ်ဦးဖြစ်တဲ့ Robert Cornelius ရဲ့ ဓာတ်ပုံတစ်ပုံလည်း

ပါဝင်ပါတယ်။

play

 

ဒါ့အပြင် နောက်တစ်ဦးကလည်း မှန်ရှေ့မှာ ဓာတ်ပုံရိုက်နေတဲ့ ၁၉၀၀ ပြည့်နှစ်များအတွင်းက ဓာတ်ပုံတစ်ပုံကို ပြသခဲ့ပါတယ်။

play

 

ဒီပြဿနာကြောင့် ဆယ်လ်ဖီ ဘယ်ကစလာတယ်ဆိုတဲ့အပေါ် လူတွေစိတ်ဝင်စားမှု မြင့်တက်လာပြီး ဖုန်းတွေ မပေါ်ခင်ကတည်းက

ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း မြင်တွေ့ခွင့်ရလိုက်ပါတယ်။

နာမည်ကျော်ဂီတသမားတစ်ဦးဖြစ်ခဲ့တဲ့ George Harrison က ၁၉၆၆ ခုနှစ်မှာ Taj Mahal ရှေ့ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီပုံတစ်ပုံကိုလည်

George MacDonald‏ ကပြသခဲ့ပါသေးတယ်။

play

 

ပဲရစ်ဟီတန်ကတော့ အပျော်အပျက်အဖြစ် တင်တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တွစ်တာမှာတော့ သူမဟာ လေကြီးသူတစ်ယောက်အဖြစ်

ပြောစရာဖြစ်လို့နေပါတယ်။

play

 

ဆိုရှယ်ကျကျနေတတ်တဲ့ ပဲရစ်ဟီတန်ဟာ မော်ဒယ်၊ မင်းသမီး၊ အဆိုတော်နဲ့ ဒီဂျေသမားတစ်ဦးဖြစ်ပါတယ်။ Hilton Hotel တွေကို

ဖွင့်ခဲ့တဲ့ Conrad Hilton ရဲ့ မြစ်လည်းဖြစ်ပြီး သူမဟာ ဂီတဘက်မှာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video