International Celebrity: လီစီယောင်းရဲ့ sex tape ဆိုပြီး သတင်းလွှင့်ခဲ့သူနှစ်ဦး ထောင်ကျ

မဟုတ်မမှန်ရေးတဲ့ သတင်းထောက်လည်း ထောင်ကျသွားရပါတယ်။

play

 

တောင်ကိုရီးယားသရုပ်ဆောင် လီစီယောင်းရဲ့ sex tape (ချစ်တင်းနှောတဲ့ဗီဒီယို) ထွက်ရှိခဲ့ကြောင်း သတင်းလွှင့်ခဲ့သူနှစ်ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သတင်းရပါတယ်။ ပထမတစ်ဦးကတော့ လီစီယောင်း sex tape ထွက်တယ်လို့ သတင်းဖြန့်ခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ အဆိုပါမဟုတ်မမှန်တဲ့အကြောင်းအရာကို သတင်းအဖြစ်ရေးသားခဲ့တဲ့ သတင်းထောက်ဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ် ဇွန်လက အွန်လိုင်းမှာပျံ့နှံ့နေတဲ့ sex tape တစ်ခုထဲက အမျိုးသမီးဟာ လီစီယောင်းဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တာပါ။ တစ်လကြာပြီးနောက် ဗီဒီယိုထဲက အမျိုးသမီးဟာ လီစီယောင်းမဟုတ်မှန်း ရှင်းရှင်းလင်းလင်းပေါ်ပေါက်ခဲ့ပါတယ်။ ဒီအတွက် မဟုတ်တမ်းတရားစွပ်စွဲခံရတဲ့ စီယောင်းက ရုံးမှာတိုင်ကြားခဲ့ပါတယ်။

play

 

ပထမလူကို အလုပ်နဲ့ထောင်ဒဏ် ၆လ၊ ခံဝန် ၁ နှစ်အပြင် လူမှုရေးလုပ်ငန်း နာရီ ၂၀၀ ပြုလုပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ မမှန်မကန်ရေးသားတဲ့ သတင်းထောက်ကတော့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်၊ ခံဝန် ၂ နှစ်နဲ့ လူမှုရေးလုပ်အားပေး နာရီ ၂၀၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ