International Celebrity: ကင်မ်ကာဒါရှီယန်နဲ့ ရိုက်ခဲ့တဲ့ Sex Tape အကြောင်း အစပြန်ဖော်နေတဲ့ ရေဂျေ

သူ့ရဲ့သီချင်းသစ်ထဲမှာ ထည့်သွင်းသီဆိုထားပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ဟာ ရည်းစားဟောင်း ရေဂျေနဲ့ ရိုက်ကူးခဲ့တဲ့ သူမရဲ့ နာမည်ကျော် Sex Tape ရဲ့ ထပ်မံ ခြောက်လှန့်မှုကို ခံနေရပြန်ပါပြီ။

play

 

ရေဂျေဟာ ကင်မ်နဲ့ သူမရဲ့ခင်ပွန်း ကာညေးဝက်စ်တို့အကြောင်းကို သူ့ရဲ့သီချင်းသစ်ထဲမှာထည့်ဆိုပြီး သူတို့ဇနီးမောင်နှံကို တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

အဲဒီသီချင်းဟာ ကာညေးဝက်စ်ရဲ့ Famous သီချင်းကို ကလဲ့စားချေ သီဆိုထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

play

 

အဲဒီသီချင်းကို ရေဂျေနဲ့ ခရစ္စဘရောင်းတို့က ရေးသားထားခဲ့ပြီး သီချင်းနာမည်ကို Famous လို့ပဲ ပေးထားပါတယ်။

ကင်မ်ကာဒါရှီယန်ဟာ ပေါက်ကြားသွားခဲ့တဲ့ Sex Tape ကိစ္စကို ဒေါ်လာ ၅ သန်းယူပြီး Vivid Enterainment နဲ့ နားလည်မှုယူ ကြေအေးခဲ့တဲ့အတွက် ရေဂျေက သီချင်းထဲမှာ ထည့်ဆိုပြီး ကင်မ်ကို တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

play

 

ကာညေးဝက်စ်ရဲ့ Famous သီချင်းဗီဒီယိုထဲက နာမည်ကျော် ၁၃ ဦးရဲ့ ကိုယ်လုံးတီးဖယောင်းရုပ်တွေထဲမှာ ပါဝင်ရတဲ့အတွက် ရေဂျေဟာ မကျေမနပ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတုန်းက ရေဂျေဟာ ကာညေးဝက်စ်ရဲ့ဗီဒီယိုနဲ့ ပတ်သက်ပြီး မကျေနပ်ဘူးလို့ သိရပေမဲ့ ထုတ်ဖော်ပြောကြားခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

Source & Photos : star

ရေဂျေရဲ့ Famous သီချင်း
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ