International Celebrity: Sex Tape ဖြန့်မယ်လို့ ခြိမ်းခြောက်လို့ ဒေါ်လာ နှစ်သိန်းခွဲ ပေးခဲ့ရတဲ့ ကာညေးဝက်စ်

သူ့ရဲ့အမျိုးတစ်ဦးက ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

play

 

ကာညေးဝက်စ်နဲ့ အသားအရေစိုပြေတဲ့ လူမည်းအမျိုးသမီးတစ်ဦးရဲ့ Sex Tape ကို ဆွေမျိုးတစ်ဦးက တွေ့ရှိသွားတာဖြစ်တယ်လို့ ကာညေးရဲ့ညီဝမ်းကွဲ လောရန့်စ်ဖရန်ကလင်က ပြောပြခဲ့တာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ကာညေးဟာ စိတ်ရောဂါနဲ့ ဆိုင်တဲ့ ပြဿနာတွေကြောင့် လော့ဆန်းဂျလိစ်က ဆေးရုံတစ်ခုမှာ တက်ရောက်ဆေးကုသခံရတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် ကာညေးက ယင်းဆွေမျိုးကို လက်ဆောင်အဖြစ် ခုနှစ်က ပေးလိုက်တဲ့ သူ့ရဲ့လက်တော့အဟောင်းထဲမှာ အမည်အသိအမျိုးသမီးတစ်ဦးနဲ့ ချစ်တင်းနှောတဲ့ ဗီဒီယိုကို တွေ့ရှိသွားခဲ့တဲ့အတွက် ငွေညှစ်ခံရဖူးတာကို သိရှိရတာဖြစ်ပါတယ်။

play
ကာညေး၊ ဖရန်ကလင်နဲ့ သူတို့ရဲ့အဒေါ်တစ်ဦး

 

ယင်း Sex Tape ကိစ္စက ကာညေးရဲ့စိတ်ဓာတ်ကို စတင်ကျဆင်းစေခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ သူက လူတွေကို မယုံတော့ဘူးလို့ ဖရန်ကလင်က ဆိုပါတယ်။

"ကိုယ့်ရဲ့ဒေါ်လာ နှစ်သိန်းခွဲကို ခြိမ်းခြောက်ယူသွားတာ ကိုယ့်မိသားစုဝင်တစ်ဦးဖြစ်နေတယ်။ ကိုယ့်မိသားစုဝင်ကတောင် သူတို့ရဲ့ရည်မှန်းချက်တွေ ပြည့်မီဖို့ ဒီလိုလုပ်တာဆိုရင် ကိုယ့်အသိုင်းအဝိုင်းထဲမှာ ဘယ်သူ့ကို ယုံနိုင်တော့မှာလဲ" လို့ ဖရန်ကလင်က ပြောပြပါတယ်။

ဒါ့အပြင် အဲဒီအချိန်က သူ့အမေ ဆုံးပါးသွားတဲ့အချိန်ဖြစ်နေပြီး အဲဒီအတွက် သူ့မှာ တာဝန်တွေ အများကြီးယူရတယ်။

play
ကာညေးဝက်စ်တို့ သားအမိ

 

ယင်းဖြစ်ရပ်ဖြစ်ပွားချိန်ဟာ ၂၀၁၂ ခုနှစ်ကပြီး ကာညေးနဲ့ ကင်မ်နဲ့ စတင် ဒိတ်လုပ်တဲ့ နှစ်လည်းဖြစ်တယ်လို့ သိရပါတယ်။

ကာညေးက လက်တော့ပ်ကို မိသားစုဝင်တစ်ဦးကို လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပြီး ထိုသူက တခြားမိသားစုဝင်တစ်ဦးကို ငှားရမ်းရာကနေ သိရှိသွားတာဖြစ်ပြီး သူ့ကိုပါ ခေါ်ပြခဲ့တယ်လို့ ဖရန်ကလင်က ပြောပြခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ