International Celebrity: အမ်မီဆုတက်ယူနေတုန်း Sherlock သရုပ်ဆောင်ရဲ့ပိုက်ဆံအိတ် အခိုးခံရ

Sherlock ဇာတ်လမ်းတွဲကို BBC ရုပ်သံက ၂၀၁၀ ခုနှစ်မှာ စတင်ပြသခဲ့ပြီး Season 4 အထိ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ Season 5 ကိုတော့ လာမယ့်နှစ်မှ ပြသမှာပါ။

play

 

လော့စ်အန်ဂျလိစ်မြို့က မိုက်ခရိုဆော့ဖ် ကဇာတ်ရုံမှာပြုလုပ်ခဲ့တဲ့ အမ်မီဆုပေးပွဲဟာ ဗြိတိန်မင်းသမီး အမန်ဒါ အက်ဘင်ဒန်အတွက် ကောင်းကျိုးမပေးခဲ့ပါဘူး။ သူမ စင်ပေါ်မှာ ဆုတက်ယူနေတုန်း စင်အောက်မှာထားခဲ့တဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရတာဖြစ်ပါတယ်။

play

 

၆၈ ကြိမ်မြောက် အမ်မီဆုပေးပွဲမှာ Sherlock ရုပ်သံစီးရီးရဲ့ နောက်ဆုံးပြသခဲ့တဲ့ ဇာတ်လမ်း The Abominable Bride က အကောင်းဆုံး တီဗီရုပ်ရှင်ဆု (TV Movie) ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

play

 

 အမန်ဒါ အက်ဘင်ဒန်က ဒေါက်တာဝပ်ဆန်ရဲ့ဇနီး မေရီဝပ်ဆန်နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။

play

 

Sherlock ဇာတ်လမ်းတွဲကို BBC ရုပ်သံက ၂၀၁၀ ခုနှစ်မှာ စတင်ပြသခဲ့ပြီး Season 4 အထိ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ Season 5 ကိုတော့ လာမယ့်နှစ်မှ ပြသမှာပါ။ ရှားလော့ဟုမ်းအဖြစ် ဗြိတိန်သရုပ်ဆောင် ဘန်နီဒစ် ကမ်ဘာဘတ်ခ်ျ၊ ဒေါက်တာဝပ်ဆန်အဖြစ် မာတင်ဖရီးမန်းတို့က အဓိကပါဝင်ထားကြပြီး လူကြိုက်များလှတဲ့ မှုခင်းထောက်လှမ်းရေးဇာတ်လမ်းတွေဖြစ်ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ