International Celebrity: ရည်းစားမရသေးလို့ မိခင်ဖြစ်သူအပြောအဆိုကို ခံနေရတဲ့ SHINee အဖွဲ့ဝင် မင်ဟို

"ရည်းစားနဲ့ချိန်းတွေ့... ပြီးရင် အမေ့ဆီခေါ်လာပြ"

play

 

ကေပေါ့ပ်ပရိသတ်တွေရဲ့ အချစ်တော် SHINee အဖွဲ့ထဲက မင်ဟိုမှာ ရည်းစားမရှိသေးတဲ့အပေါ် သူ့ရဲ့မိခင်က သိပ်ပြီးကျေနပ်ပုံမရပါဘူး။ သားဖြစ်သူကို ရည်းစားရစေချင်တဲ့ဆန္ဒကိုလည်း လူတွေသိအောင် ထုတ်ပြောသွားခဲ့ပါတယ်။

play

 

ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်လွှင့်ပြသသွားတဲ့ 48 Hours ရုပ်သံအစီအစဉ်မှာ မင်ဟိုတို့မိသားစုက ဧည့်သည်အဖြစ်နဲ့ ပါဝင်ပြီး မိသားစုဝင်တွေရဲ့အကြောင်းကို ပြောသွားခဲ့တာပါ။ ဘဝရဲ့ နောက်ဆုံး ၄၈ နာရီမှာ မိသားစုနဲ့ပဲ နေသွားချင်တယ်လို့ မင်ဟိုက ဆိုပါတယ်။ မင်ဟိုရဲ့အမေက " သားရယ်.. မင်းက ၂၇ နှစ်တောင် ရှိနေပြီ။ နောက်နှစ်ဆို ရည်းစားတစ်ယောက်လောက်တော့ ရအောင်ကြိုးစားစမ်းပါ" လို့ ရုပ်သံအစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ