International Celebrity: ၂နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်တဲ့ Sia

, updated

သူမရဲ့မျက်နှာကို နေ့တိုင်းမြင်ခွင့်ရသူဆိုလို့ သူမရဲ့ခင်ပွန်းပဲရှိပါလိမ့်မယ်။

play

 

အဖြူတစ်ခြမ်း၊ အနက်တစ်ခြမ်း ဆံပင်နဲ့ မျက်နှာကိုဖုံးအုပ်ထားလေ့ရှိတဲ့ သြစတြေးလျအဆိုတော် Sia နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေးဟာ ၂ နှစ်အကြာမှာ အဆုံးသတ်ခဲ့ရပါပြီ။ Sia နဲ့ အားရစ်လန်းတို့ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လက လက်ထပ်ခဲ့ကြတာပါ။

play

 

စိတ်ဝိညာဉ်ရှာဖွေမှုကို အတော်ကြာပြုလုပ်ခဲ့ပြီးနောက်မှာ လမ်းခွဲလိုက်ကြဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့ နှစ်ဖက်လုံးက ကြေညာပါတယ်။ သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်လက်ရပ်တည်နေကြဦးမယ်လို့လည်း ပြောပါတယ်။

Chandelier သီချင်းနဲ့ လူကြိုက်များခဲ့တဲ့ Sia က ယခုနှစ်ထဲမှာပဲ This Is Acting အမည်ရှိ အယ်လ်ဘမ်သစ်ကို ဖြန့်ချိထားပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ