International Celebrity: အချစ်ဆုံးသူငယ်ချင်းနဲ့ အနမ်းခြွေနေသော်လည်း Single ပါလို့ ဘယ်လာသွန်းဆိုဆဲ

သူမဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံး စိတ်ဝင်စားသူပါလို့ ပြီးခဲ့တဲ့လကပဲ ဝန်ခံခဲ့ပါတယ်။

play

 

ဘယ်လာသွန်းဟာ သူမရဲ့သူငယ်ချင်း ဘယ်လာပန်ဒါဂက်စ်နဲ့ အနမ်းခြွေနေပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပေမဲ့ သူမရဲ့ relationship အခြေအနေကို ပွင့်ပွင့်လင်းလင်းမပြောသေးပါဘူး။

လိင်တူလိင်ကွဲနှစ်မျိုးလုံး စိတ်ဝင်စားတယ်လို့ ပြီးခဲ့တဲ့လကပဲ ဝန်ခံခဲ့တဲ့ ဘယ်လာသွန်းဟာ ဒီလိုအနမ်းမျိုးပေးနေတာတောင် သူတို့ဟာ သူငယ်ချင်းပါပဲလို့ ဆိုခဲ့ပါတယ်။

play

 

ဘယ်လာသွန်းဟာ သူမရဲ့ရည်းစား သရုပ်ဆောင် ဂရက်ဆက်ကင်နဲ့ ရန်တွေဖြစ်ပွားပြီး နောက်ဆုံးမှာ လမ်းခွဲရတဲ့အထိ ဖြစ်သွားတဲ့အတွက် သူမအတွက် ဒီလဟာ ခက်ခဲကြမ်းတမ်းလှတဲ့ လတစ်လဖြစ်ပါတယ်။

"အရာရာက ကျွန်မတို့ မျှော်လင့်ထားသလို အဆုံးမသတ်ခဲ့ဘူး။ ဒါပေမဲ့ သူ့ကို ကျွန်မအမြဲချစ်နေမှာပါ" လို့ ၁၅ လကြာအချစ်ရေးကို အဆုံးသတ်ခဲ့ရတဲ့ ဘယ်လာက ဆိုခဲ့ပါတယ်။

play

 

ရည်းစားနဲ့ ကွဲသွားပြီးတဲ့နောက် သူမဟာ "မင်းက လိင်တူလိင်ကွဲစိတ်ဝင်စားသူလား" လို့ တွစ်တာအသုံးပြုသူတစ်ဦးက မေးမြန်းတာကို ဟုတ်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ