International Celebrity: Single ဘဝမှာ ပျော်နေတယ်ဆိုတဲ့ ဂျက်စတင်ဘီဘာ

ရည်းစားလည်း ရှာမနေပါဘူးလို့ ပြောပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲစတင်တဲ့ မတ်လကတည်းကစလို့ အချစ်ရေးအတွက် အချိန်သိပ်မပေးနိုင်တော့ပါဘူး။

play

 

အခုလောလောဆယ် သူ့ဘဝထဲမှာ အလေးထားရတဲ့အမျိုးသမီးမရှိသေးဘူးလို့ Ellen DeGeneres နဲ့ စကားပြောစဉ်မှာ ဂျက်စတင်ဘီဘာက အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဘယ်သူနဲ့မှ တွဲမနေပါဘူး။ တစ်ကိုယ်တည်းပါပဲ။ ရှာလည်း ရှာမနေပါဘူး" လို့ အသက် ၂၂ နှစ်အရွယ် အဆိုတော်လေးက ပြောခဲ့ပါတယ်။

play

 

ကမ္ဘာလှည့်နေစဉ်မှာ အထီးကျန်မှုကို ခံနိုင်ဖို့ ခက်ခဲလှပေမဲ့ သူနဲ့အတူ ခွေးလေး တော့ဒ်ပါတဲ့အတွက် ပျော်မိတယ်လို့ ဂျေဘီက ဆိုပါတယ်။

play

 

ဂျေဘီရဲ့ချစ်စရာခွေးဖြူလေးဟာ @toddthestud ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင်အင်စတာဂရမ်အကောင့် ရှိပြီး Follower ၁၆၁,၀၀၀ တောင် ရှိပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ