International Celebrity: ရော့စတီးဝပ် Sir ဘွဲ့ ချီးမြှောက်ခံရ

ဒီလိုသူကောင်းပြုခံရတာကို အမေနဲ့အဖေ့ကို မြင်စေချင်တယ်...

play

 

ဂန္ထဝင်အဆိုတော်ကြီး ရော့စတီးဝပ်ကို ဗြိတိန်နန်းတော်က သူကောင်းပြုတဲ့အနေနဲ့ Sir ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ဂီတလှုပ်ရှားမှုနဲ့ ပရဟိတလုပ်ရပ်တွေကြောင့် ယခုလိုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

play

 

အင်္ဂါနေ့က ဘက်ကင်ဟမ်နန်းတော်မှာ ကမ်းဘရစ်ခ်ျမြို့စား မင်းသားဝီလျံက ရော့စတီးဝပ်ကို ဆာဘွဲ့ပေးအပ်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကို ဇနီးသည်နဲ့အတူ သားနှစ်ယောက်ကိုပါခေါ်ပြီး တက်ရောက်ခဲ့သလို စကော့ရိုးရာအဆင်ကိုလည်း ဘောင်းဘီအဖြစ်နဲ့ဝတ်ဆင်လာတာ တွေ့ရပါတယ်။

play

 

" ဒီလိုသူကောင်းပြုခံရတာကို အမေနဲ့အဖေ့ကို မြင်စေချင်တယ်" လို့ စတီးဝပ်က ဆိုပါတယ်။ ဆာဘွဲ့ချီးမြှင့်ခံရအပြီးမှာလည်း ဘုရင်မကြီးနဲ့အတူ တွေ့ဆုံခဲ့ကြပါသေးတယ်။

Source : BBC, ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ