International Celebrity: အသစ်ထုတ်တဲ့ Smile နှုတ်ခမ်းနီက ရတဲ့ အကျိုးအမြတ်ကို လှူဒါန်းမယ့် ကိုင်လီဂျန်နာ

အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ပေးဖို့ လှူဒါန်းမှာဖြစ်ပါတယ်။

play

 

ကိုင်လီဂျန်နာဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အပြုံးနေ့အတွက် ရည်ရွယ်ပြီး Smile ဆိုတဲ့နာမည်နဲ့ နှုတ်ခမ်းနီသစ်တစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။

ကိုင်လီဂျန်နာရဲ့ နှုတ်ခမ်းနီတွေဟာ ရောင်းမလောက်အောင် နာမည်ကြီးပါတယ်။

play

 

အခု အသစ်ထုတ်လိုက်တဲ့ Smile နှုတ်ခမ်းနီဟာ သူမရဲ့ အခြားနှုတ်ခမ်းနီတွေထက် အရောင်ပိုဖျော့ပြီး ပန်းရောင်အမျိုးအစား ဖြစ်ပါတယ်။

play

 

ဒါ့အပြင် အဲဒီနှုတ်ခမ်းနီကရမယ့် အကျိုးအမြတ်ကို သူမက ယူမှာမဟုတ်ဘဲ တစ်ကမ္ဘာလုံးက အာခေါင်ကွဲကလေးငယ်များ ခွဲစိတ်ကုသဖို့အတွက် လှူဒါန်းမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

Smile Train ပရဟိတအဖွဲ့ကို လှူဒါန်းမှာဖြစ်လို့ Smile ဆိုတဲ့အမည်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ