International Celebrity: Snapchat ဘီလျံနာနဲ့ မော်ဒယ် မီရန်ဒါကားရ် စေ့စပ်

အီဗန်နဲ့ လက်ထပ်မှုမှာ မီရန်ဒါအတွက် ဒုတိယအကြိမ် လက်ထပ်မှုလည်း ဖြစ်လာမှာပါ။

play


Snapchat စမတ်ဖုန်း App ဖန်တီးရေးဆွဲသူ ဘီလျံနာ အီဗန်စပီးဂဲလ်နဲ့ စူပါမော်ဒယ် မီရန်ဒါကားရ်တို့ စေ့စပ်လိုက်ပြီ ဖြစ်ပါတယ်။

play


နည်းပညာစတား Snapchat စီအီးအို အီဗန်ရဲ့ လက်ထပ်ခွင့်တောင်းမှုကို မီရန်ဒါက လက်ခံခဲ့ပြီး သူတို့နှစ်ဦး အရမ်းပျော်နေကြကြောင်း အီဗန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆိုပါတယ်။

play


မီရန်ဒါကလည်း အင်စတာဂရမ်မှာ စေ့စပ်လက်စွပ်ပုံကို လွှင်တင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အီဗန်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ နည်းပညာသမား ဘီလျံနာဖြစ်နေသူပါ။

play


Forbes မဂ္ဂဇင်းရဲ့ အဆိုအရ အီဗန်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရှိပြီး ကိုယ်တိုင်အစွမ်းအစဖြင့် ဘီလျံနာဖြစ်လာတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

အီဗန်နဲ့ မီရန်ဒါတို့ဟာ ၂၀၁၄ ခုနှစ်က နယူးယော့ခ်မြို့မှာ ပြုလုပ်တဲ့ Louis Vuitton ညစာစားပွဲမှာ စတင်တွေ့ဆုံခဲ့ကြတာပါ။

play


၂၀၁၅ ခုနှစ် ဇွန်လမှာတော့ ချစ်သူတွေအဖြစ် ပထမဆုံးအကြိမ် လူသိရှင်ကြား တွဲခဲ့ကြပါတယ်။ တစ်နှစ်ကျော်ကြာ တွဲခဲ့ကြပြီးနောက် လက်ထပ်ကြဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

play


အီဗန်နဲ့ လက်ထပ်မှုမှာ အသက် ၃၃ နှစ်အရွယ် Victoria's Secret မော်ဒယ်ဟောင်း မီရန်ဒါအတွက် ဒုတိယအကြိမ် လက်ထပ်မှုလည်း ဖြစ်လာမှာပါ။

play


မီရန်ဒါဟာ နာမည်ကြီး ဗြိတိသျှမင်းသား အော်လန်ဒိုဘလွန်းနဲ့ လက်ထပ်ခဲ့ပြီး သုံးနှစ်အကြာမှာ ကွာရှင်းခဲ့ပါတယ်။ မီရန်ဒါနဲ့ အော်လန်ဒိုတို့မှာ သားတစ်ဦး ရရှိခဲ့ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ