International Celebrity: Snoop Dogg နဲ့ Wiz Khalifa တို့ရဲ့ရှိုးပွဲ စင်ပြိုကျလို့ ၄၂ ဦး ဒဏ်ရာရ

အဆိုတော်နှစ်ဦးကတော့ ဘေးကင်းခဲ့ပါတယ်။

play

 

နယူးဂျာစီမှာပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အဆိုတော် Snoop Dogg နဲ့ Wiz Khalifa တို့ အတူသီဆိုနေတုန်းမှာ စတိတ်စင်ပြိုကျမှု ဖြစ်ပွားခဲ့လို့ ပရိသတ် ၄၂ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

play

 

သောကြာညက ပြုလုပ်တဲ့ဖျော်ဖြေပွဲမှာ Snoop Doog နဲ့ Wiz တို့ဖျော်ဖြေနေစဉ် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ ခန့်မှာ စတိတ်စင်ပြိုကျခဲ့တာပါ။ စတိတ် ဒုတိယအဆင့်က လက်ရန်းတွေပြိုကျသွားရာမှာ အနီးတဝိုက်က ပရိသတ်တွေ ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။ လက်ရန်းကိုမှီထားတဲ့ ပရိသတ်တွေဟာ လဲပြိုကျသွားခဲ့တာကြောင့် ပရိသတ် ၄၂ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

play

 

အသေအပျောက်တော့မရှိခဲ့ပေမယ့် တစ်ဦးကတော့ ဒဏ်ရာပြင်းလို့ ဆေးရုံကိုအရေးပေါ်တင်ပို့လိုက်ရပါတယ်။ ကျန် ၄၁ ဦးမှာလည်း ဒဏ်ရာအသေးအဖွဲတွေ ရကြသလို အရိုးကျိုးသွားသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ စင်ပြိုကျပြီးနောက် ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ