International Celebrity: ပေါင် ၂ သန်းပေးတာတောင် Spice Girls ထဲကို ပြန်မဝင်ချင်တဲ့ မယ်လ်စီ

သူမဘာကြောင့် ပြန်မဝင်ချင်ရသလဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။

play

 

Spice Girls အဖွဲ့ဝင်ဟောင်း မယ်လ်စီဟာ အဖွဲ့ထဲကို ပြန်ဝင်ဖို့ ပေါင် ၂ သန်းပေးတာကို ငြင်းလိုက်တယ်လို့ ပြောပြခဲ့ပါတယ်။

အကြောင်းရင်းကတော့ Spice Girl တစ်ယောက်အဖြစ် ပါဝင်စဉ်က ကိုယ့်ကိုကိုယ် မှန်ထဲမကြည့်ချင်လောက်အောင် အရမ်းစိတ်ဖိစီးမှုများလို့လို့ ဆိုခဲ့ပါတယ်။

play

 

အသက် ၄၂ နှစ်အရွယ် အဆိုတော်မယ်လ်စီဟာ ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်အတွင်း Spice Girls အဖွဲ့ အောင်မြင်ကျော်ကြားမှုအရှိဆုံးအချိန်မှာ အစားအသောက် မမှန်တာတွေနဲ့ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်ပဲ အကြွေးတွေရှိတယ်လို့ သတင်းထွက်နေတဲ့ မယ်လ်စီဟာ သူမရဲ့ကလေးတွေကို ထောက်ပံ့ပေးဖို့ ငွေလိုအပ်နေပေမဲ့ ဂျင်းဂျား၊ စကယ်ရီနဲ့ ဘေဘီတို့နဲ့အတူ အဖွဲ့ထဲကို ပြန်မဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

"Spice Girls နာမည်အကြီးဆုံးအချိန်တုန်းကဆိုရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာတောင် ပြန်မကြည့်ချင်ဘူး။ စိတ်ဖိစီးမှုတွေ၊ အစားအသောက်မမှန်တာတွေ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာတွေ အရမ်းဖြစ်တယ်" လို့ သူမက ပြောခဲ့ပါတယ်။

"ငွေကြေးက ကျွန်မအတွက် အရေးမကြီးတာမဟုတ်ပါဘူး။ ကလေးတွေကို ကျွန်မတစ်ယောက်တည်း ပြုစုပျိုးထောင်နေရတာ။ ကျွန်မမှာ ငွေလိုတာပေါ့" လို့ သူမက ရှင်းပြခဲ့ပါတယ်။

play

 

မယ်လ်စီရဲ့ ငြင်းပယ်မှုအတွက် အဖွဲ့က အတော်လေး စိတ်မကောင်းဖြစ်နေပုံပါပဲ။

"ဗစ်တိုးရီးယား ပြန်မဝင်တာကို ဘယ်သူမှ ရေးကြီးခွင့်ကျယ်မလုပ်ကြဘူး။ ကျွန်မဘာလို့ မလုပ်တာလို့ပဲ လူတွေက သိချင်ကြတယ်" လို့ မယ်လ်စီက ဆိုပါတယ်။

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ