International Celebrity: Spice Girls အဖွဲ့သစ်မှာ အဖွဲ့ဟောင်းရဲ့သီချင်းတွေကို ပြန်မဆိုစေချင်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

Spice Girls ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး သူမဖြစ်ချင်တာကို ဗစ်တိုးရီးယားက ပြောလိုက်ပါပြီ။

play

 

ဖက်ရှင်ဒီဇိုင်နာအဖြစ် ကမ္ဘာကျော်နေတဲ့ Posh Spice (ဗစ်တိုးရီးယားဘက်ခမ်း) ဟာ Spice Girls အဖွဲ့ရဲ့ နှစ်ပတ်လည်ပွဲတိုင်းကို ပါဝင်ဖို့ တွန့်ဆုတ်နေခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ အခုတော့ မယ်လ်ဘီ၊ အမ်မာဘန်တန်နဲ့ ဂါရီဟွန်နာတို့က အဖွဲ့ပြန်ဖွဲ့မယ်ဆိုရင် အဖွဲ့သစ်တစ်ခုအနေနဲ့ပဲ ဖြစ်သင့်တယ်လို့ ဗစ်တိုးရီးယားက ပြောလိုက်ပါပြီ။

play

 

Spice Girls နဲ့ လုံးဝမသက်ဆိုင်တဲ့ အဖွဲ့သစ်တစ်ခုသာ ဖြစ်သင့်တယ်လို့ ဆိုလိုက်တာပါ။

"သူတို့ သီချင်းသစ်တွေကို သီဆိုသင့်တယ်။ ကျွန်မတို့လုပ်ခဲ့တဲ့ Spice Girls ဆိုတာက တသီးတသန့်လေးပါ။ သူတို့သာ Spice Girls သီချင်းတွေကို သီဆိုရင် ကျွန်မ ဝမ်းနည်းမိမယ်ထင်တယ်" လို့ ဗစ်တိုးရီးယားက ရင်ဖွင့်ခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ