International Celebrity: Star Wars ပရိသတ်လေးကို လေယာဉ်ပေါ်တင်ပြီးပျံသန်းပေးတဲ့ ဟယ်ရစ်ဆင်ဖို့ဒ်

ဟယ်ရစ်ဆင်ဟာ အမေရိကန်ရဲ့ အနုပညာကြေးအများဆုံးရရှိတဲ့ သရုပ်ဆောင်လည်းဖြစ်ပါတယ်။

play

 

အင်ဒီယာနာဂျုန်းစ်နဲ့ Star Wars မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ်ဟာ ဆယ်ကျော်သက်တစ်ဦးကို သူ့ရဲ့လေယာဉ်ပေါ်တင်ပြီး ပျံသန်းခဲ့ပါတယ်။

play

 

ဂျိုဒီ ဂေါသရော့ပ်အမည်ရှိ ၁၆ နှစ်အရွယ် ကောင်မလေးက Star Wars ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ Young Eagles ပရိုဂရမ်ရဲ့ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဟယ်ရစ်ဆင်ရဲ့ အဝါနဲ့အစိမ်းစပ် လေယာဉ်လေးပေါ် လိုက်ပါစီးနင်းခွင့်ရခဲ့တာပါ။

play

 

လူငယ်တွေကြားမှာ ပျံသန်းရေးကို စိတ်ဝင်စားလာအောင် မြှင့်တင်တဲ့အစီအစဉ်ဖြစ်ပြီး ဟယ်ရစ်ဆင်က ဥက္ကဋ္ဌအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပါတယ်။ ဟယ်ရစ်ဆင်က ဂျိုဒီကို ၁၅ မိနစ်ကြာ ပျံသန်းပေးခဲ့ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ