International Celebrity: အင်ဒီယာနာဂျုံးစ် သို့မဟုတ် Star Wars မင်းသားကြီး

play


Star Wars နဲ့ Indiana Jones မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ဟာ ချီကာဂိုမှာမွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၁၉၇၀ နောက်ပိုင်းမှာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

play


၁၉၇၇ ခုနှစ်မှာ Star Wars သိပ္ပံရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံး တခဲနက် အားပေးနှစ်ခြိုက်မှုကို စတင်ရရှိခဲ့ပါတယ်။

play


အဲ့ဒီ့နောက်မှာလည်း တခြားရုပ်ရှင်ဇာတ်ကားတွေမှာ မင်းသားအဖြစ် ဆက်လက် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ Indiana Jones and the Temple of Doom စွန့်စားခန်း ရုပ်ရှင်ဇာတ်ကားမှာ အင်ဒီယာနာ ဂျုံးစ်အဖြစ် သရုပ်ဆောင်ရာကနေ အောင်မြင်မှုများစွာ ထပ်မံရရှိခဲ့ပါတယ်။

play


များသောအားဖြင့် စွန့်စားခန်းနဲ့ အက်ရှင် ရုပ်ရှင်ဇာတ်ကားတွေမှာ ဖို့ဒ်က သရုပ်ဆောင်လေ့ရှိပါတယ်။ သူဟာ ၁၉၈၉ ခုနှစ်နဲ့ ၂၀၀၈ခုနှစ်မှာလည်း Indiana Jones ရုပ်ရှင်ဇာတ်ကား နောက်ထပ်နှစ်ကားမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။

play


၂၀၁၃ ခုနှစ်မှာတော့ ဖို့ဒ် သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ဇာတ်ကား Ender's Game ရုံတင်ပြသခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ Star Wars: The Force Awakens ရုံတင်ပြသခဲ့ကာ အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပြန်ပါတယ်။

play


၂၀၁၉ ခုနှစ်မှာလည်း Indiana Jones 5 ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသဖို့လျာထားပြီး အဲ့ဒီ့ဇာတ်ကားမှာလည်း အင်ဒီယာနာဂျုံးစ်အဖြစ် ဖို့ဒ်ကို ရုပ်ရှင်ပရိသတ်တွေ မြင်တွေ့ရဦးမှာပါ။

play


ကမ္ဘာကျော် Star Wars နဲ့ Indiana Jones မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ကို ၁၉၄၂ ခုနှစ် ဇူလိုင် ၁၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ