International Celebrity: လေယာဉ်ပေါ်မှာ အသက်ရှူရပ်သွားတဲ့ Star Wars မင်းသမီး

သူမရဲ့သမီးနဲ့ မောင်က မအိပ်ဘဲ စောင့်ကြည့်နေရပါတယ်။

play

 

အသက် ၆၀ နှစ်အရွယ် Star Wars မင်းသမီး ကယ်ရီဖစ်ရှားဟာ လေယာဉ်ပေါ်မှာ နှလုံးရောဂါဖောက်သွားပြီးတဲ့နောက် မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါလာတဲ့ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများက ကယ်ရီ့ကို ကူညီပေးကြတယ်လို့ လေယာဉ်မှူးက ပြောပါတယ်။

ကယ်ရီလိုက်ပါလာတဲ့ United Airline လေယာဉ်က နေ့လယ်မှာ မြေဆင်းခဲ့ပြီး ဆေးဝန်ထမ်းတွေက လေယာဉ်ပေါ် အမြန်တက်ခဲ့ကြပါတယ်။

play
ဆေးရုံအပြင်မှာ ထိုင်နေတဲ့ ကယ်ရီရဲ့သမီး

 

အခုတော့ ကယ်ရီဟာ လော့ဆန်းဂျလိစ်ရှိ UCLA Medical Center မှာ တက်ရောက်ကုသနေပါပြီ။

အခုတော့ ကယ်ရီဖစ်ရှာဟာ အရေးပေါ်အခြေအနေ လွတ်မြောက်သွားပြီ ဖြစ်ပေမဲ့ ဆရာဝန်တွေဆီက ဘာမှ ထပ်မသိရသေးဘူးလို့ သူမရဲ့မောင်ဖြစ်သူ တုဒ်ဖစ်ရှာက ဆိုပါတယ်။

"ဘာမှ မသိရသေးဘူး။ သတင်းကောင်းရော သတင်းဆိုးရော ဘာမှကို မကြားရသေသးတာ" လို့ သူက ဆိုပါတယ်။

သမီးဖြစ်သူ ဘီလီလောက်ဒ်ကလည်း လူနာကုတင်ဘေးမှာ ကယ်ရီရဲ့အချစ်တော် ပြင်သစ်ခွေးဘီလူးလေး ဂါရီနဲ့အတူ ရှိနေပါတယ်။

play
Star Wars ဇာတ်ကားထဲက ဟယ်ရီဆန်ဖို့ဒ်နဲ့ ကယ်ရီ

 

အမေရိကန် မင်းသမီး၊ စာရေးဆရာမ ကယ်ရီဖရန့်စ်ဖစ်ရှားဟာ အမေရိကန် ဇာတ်ကားအတော်များများမှာ ပါဝင်ဖူးပေမဲ့ သူမရဲ့လူသိအများဆုံး ဇာတ်ရုပ်ကတော့  Star Wars ဇာတ်ကားထဲမှာ မင်းသမီး လီရာ (Princess Leia) အဖြစ် ပါဝင်သရုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ