International Celebrity: Star Wars မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားပြီ

သူမရဲ့မိခင်က ပြောခဲ့တာပါ။

play

 

လေယာဉ်ပေါ်မှာ နှလုံးရောဂါဖောက်သွားခဲ့တဲ့ Star Wars မင်းသမီး ကယ်ရီဖစ်ရှားဟာ အခု ဆေးရုံမှာ ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားပြီလို့ သူမရဲ့မိခင် ဒက်ဘီရေးနိုးစ်က အတည်ပြုခဲ့ပါတယ်။

play

 

အသက် ၆၀ အရွယ် ကယ်ရီဟာ လန်ဒန်ကနေ လော့ဆန်းဂျလိစ်ကို အသွား လေယာဉ်မြေမဆင်းခင် နှလုံးရောဂါဖောက်သွားခဲ့အတွက် ချက်ချင်းပဲ ဆေးရုံပို့ခဲ့ရပါတယ်။

play

ပရိသတ်တွေက သူမရဲ့ကျန်းမာရေးအတွက် ပူပင်နေကြတဲ့အတွက် ကယ်ရီရဲ့မိခင်က ကယ်ရီရဲ့အခြေအနေကို အမြဲမပြတ် ပြောပြမှာဖြစ်ကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။

 

"ကယ်ရီရဲ့အခြေအနေ တည်ငြိမ်သွားပါပြီ။ ထူးခြားတာရှိရင် မျှဝေမှာပါ။ ပရိသတ်နဲ့ မိတ်ဆွေအားလုံးကို ဆုတောင်းမေတ္တာပို့သပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ဒက်ဘီက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွစ်တာကနေ ပြောခဲ့တာဖြစ်ပါတယ်။

play

 

Star Wars ဇာတ်ကားမှာ ကယ်ရီနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ ဟယ်ရီစင်ဖို့ဒ်က ကယ်ရီ နှလုံးရောဂါဖောက်တယ်လို့ ကြားရတော့ တုန်လှုပ်သွားမိတယ်လို့ ဆိုပါတယ်။

အမေရိကန် မင်းသမီး၊ စာရေးဆရာမ ကယ်ရီဖရန့်စ်ဖစ်ရှားဟာ အမေရိကန် ဇာတ်ကားအတော်များများမှာ ပါဝင်ဖူးပေမဲ့ သူမရဲ့လူသိအများဆုံး ဇာတ်ရုပ်ကတော့  Star Wars ဇာတ်ကားထဲမှာ မင်းသမီး လီရာ (Princess Leia) အဖြစ် ပါဝင်သရုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ