International Celebrity: Star Wars မင်းသမီး ကယ်ရီဖစ်ရှား နှလုံးရောဂါနဲ့ကွယ်လွန်

ကယ်ရီဟာ သူမကိုချစ်ခင်တဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါပြီ။

play

 

အမေရိကန်မင်းသမီး ကယ်ရီဖစ်ရှားဟာ ရုတ်တရက်နှလုံးဖောက်လာလို့ လော့စ်အန်ဂျလိစ်မှာဆေးရုံတင်ထားရစဉ် ကွယ်လွန်သွားခဲ့ပါပြီ။ Star Wars မင်းသမီးကြီးဟာ ဒီဇင်ဘာ ၂၇ ရက် မနက် ၈ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုရဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ စိုင်မွန်ဟောလ်က ကြေညာပေးခဲ့ပါတယ်။

ကာရီဖစ်ရှားဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က လန်ဒန်ကနေ လော့စ်အန်ဂျလိစ်မြို့ကိုအသွား လေယာဉ်ပေါ်မှာ နှလုံးဖောက်ပြီး အသက်ရှုရပ်သွားလို့ ဆေးရုံကို အရေးပေါ်တင်ထားခဲ့ရတာပါ။ သူမရဲ့မိခင်ကတောင် ကယ်ရီရဲ့ကျန်းမာရေးအခြေအနေ တည်ငြိမ်လာပြီလို့ တွစ်တာပေါ်မှာ ရေးခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ကယ်ရီဟာ သူမကိုချစ်ခင်တဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါပြီ။

play

 

သူမ ကွယ်လွန်ချိန်မှာ အသက် ၆၀ ရှိပြီဖြစ်ပြီး Star Wars ဇာတ်ကားတွေမှာ Princess Leia အဖြစ်နဲ့ တောက်လျှောက်ပါဝင်ခဲ့သူပါ။ ၂၀၁၅ ခုနှစ်မှာ ပြသခဲ့တဲ့ Star Wars : The Force Awakens မှာတောင် ပါဝင်ခဲ့ပါသေးတယ်။

Source : People

ဆက်စပ်ဖတ်ရှုရန် ... လေယာဉ်ပေါ်မှာ အသက်ရှူရပ်သွားတဲ့ Star Wars မင်းသမီး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ