International Celebrity: လည်ပင်းနာနေပေမဲ့ ပရိသတ်ကို ကြိုးစားကပြခဲ့တဲ့ Stellar အဖွဲ့ဝင်ဂါယောင်း

, updated

ပရိသတ်တွေက အရမ်းစိုးရိမ်ခဲ့ကြရပါတယ်။

play

 

အောက်တိုဘာ ၈ ရက် ညပိုင်းက ပြုလုပ်ခဲ့တဲ့ 2016 DMC Festival ပွဲမှာ Stellar အဖွဲ့ကလည်း ပါဝင်တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ Crying သီချင်းကို တစ်ဖွဲ့လုံး ကြိုးကြိုးစားစား သီဆိုကပြခဲ့ကြပေမဲ့ ဂါယောင်းကိုတော့ အထူးချီးကျူးရမှာပါ။

ဂါယောင်းရဲ့လည်ပင်းက တစ်ခုခု ထိခိုက်မိခဲ့ဟန်တူပါတယ်။ စင်ပေါ်ကို လည်ပင်းထိန်းတဲ့အရာနဲ့ တက်ရောက်လာချိန်မှာတော့ ပရိသတ်တွေက သူမအတွက် အလွန်အမင်းစိုးရိမ်ခဲ့ကြပါတယ်။

play

 

"အရမ်းကြီး မစိုးရိမ်ပါနဲ့၊ ကျွန်မ စိတ်မကောင်းပါဘူး" လို့တောင် သူမက ပရိသတ်ကို ပြန်နှစ်သိမ့်ခဲ့ပါသေးတယ်။ သီချင်းတစ်ပုဒ်လုံးကိုလည်း အပြုံးမပျက်ဘဲ သီဆိုကပြသွားခဲ့တာကြောင့် ဂါယောင်းအပေါ် ပရိသတ်ရဲ့အချစ်တွေက ပိုတိုးလာဖို့သာရှိပါတော့တယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ