International Celebrity: တစ်စုတစ်စည်းတည်းမြင်ရတဲ့ Suicide Squad ရဲ့ မိန်းမဆိုးလေးများ

ပရိသတ်ပေါင်းများစွာ စောင့်မျှော်နေကြတဲ့ Suicide Squad ဇာတ်ကားကတော့ သြဂုတ် ၅ ရက်နေ့မှာ စတင်ပြသပါတော့မယ်။

play

 

Suicide Squad ဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တိုင်းကလည်း ယခင်ဇာတ်ရုပ်တွေနဲ့ ခြားနားစွာ သူမတူအောင်သရုပ်ဆောင်ထားကြလို့ သူတို့ကလည်း ဇာတ်ကားနဲ့အပြိုင် လူတွေစိတ်ဝင်တစားစောင့်ကြည့်တာခံနေရပါတယ်။

play

 

စနေနေ့ညမှာတော့ Suicide Squad ရဲ့ မိန်းမဆိုးလေးတွေက နယူးယော့ခ်ရဲ့ညကို အတူတူထွက်လည်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကြိုတင်တိုင်ပင်သလား တိုက်ဆိုင်မှုလားဆိုတာ ကာယကံရှင်တွေပဲသိမှာဖြစ်ပေမယ့် သုံးယောက်လုံး အနက်ရောင်တွေပဲဝတ်ခဲ့ကြပါတယ်။ Enchantress နေရာမှာပါဝင်ထားတဲ့ ကာရာဒီလီဗင်းက အနက်ရောင်ဇာပါးအင်္ကျီကို ကုတ်တစ်ထည်နဲ့တွဲဝတ်ထားပြီး ဆင်တူဘောင်းဘီရှည်ကိုဝတ်ထားပါတယ်။

play

 

အဆိုးတကာ့အဆိုးဆုံးဇာတ်ရုပ် Harley Quinn ပိုင်ရှင် မားဂေါ့ရော့ဘီးကလည်း အနက်ရောင်ရင်ပြတ်ခါးတိုလေးနဲ့ ဘောင်းဘီရှည်ပွပွနဲ့ စတိုင်လ်ကျကျ တွဲဖက်ဆင်မြန်းထားခဲ့ပါတယ်။

play

 

အတိုက်အခိုက်နဲ့ ဓားရေးကျွမ်းကျင်သူ Katana အဖြစ် ပါဝင်ထားတဲ့ ဂျပန်သရုပ်ဆောင် ကာရန်း ဖူကာဟာရာကိုလည်း အနက်ရောင်ဝတ်စုံ၊ လည်သာဖိနပ်ရှည်နဲ့ မြင်ခဲ့ရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ