International Celebrity: Suicide Squad ထဲက စုန်းမလေး

ကာရာဟာ နာမည်ကြီးဒီဇိုင်နာတွေရဲ့ လက်စွဲတော် မော်ဒယ်မိန်းကလေးအဖြစ်လည်း လူသိများကြပါတယ်။

play

 

ကမ္ဘာ့ကြေးအကြီးဆုံး ဖက်ရှင်မော်ဒယ်တွေထဲက တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အသည်းစွဲ မင်းသမီးလေးလည်းဖြစ်တဲ့ Cara Delevingne ဟာ လန်ဒန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး လန်ဒန်ရဲ့လူကုံထံအသိုင်းအဝိုင်း မိဘနှစ်ပါးကနေ မွေးဖွားခဲ့သူပါ။

play

 

အနုပညာမျိုးရိုးရှိတဲ့ ကာရာဟာ အသက် ၁၀ နှစ်မှာ မော်ဒယ်စလျှောက်ခဲ့ပြီး ၁၃ နှစ်မှာ သီချင်းရေး၊ သီချင်းဆိုနိုင်ခဲ့ပါတယ်။ သူမရဲ့ အစ်မနှစ်ဦးဖြစ်တဲ့ ကလိုဝီနဲ့ ပေါ်ပီဒီလဗင်းဂ်ျတို့ဟာလည်း နာမည်ကြီးမော်ဒယ်တွေဖြစ်ကာ သူမရဲ့အဖွားကတော့ နာမည်ကြီးမင်းသမီးကြီး ဂျုန်းကောလင်းန် ဖြစ်ပါတယ်။

play

 

၂၀၁၁ ခုနှစ် London Fashion Week မှာ မော်ဒယ်လျှောက်ရာကနေ မော်ဒယ်လောကမှာ လူတိုင်းရဲ့ မျက်စိကျခြင်းခံခဲ့ရတဲ့ ကာရာဟာ ၂၀၁၂ ခုနှစ်မှာ Victoris's Secret ဖက်ရှင်ရှိုးပွဲတွေမှာ ပါဝင်လျှောက်လှမ်းခွင့်ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ Chanel, Burberry, Fendi, Moschino, Dolce & Gabbana, Louis Vuitton နဲ့ အခြား နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေ ဖက်ရှင်ရှိုးတွေမှာလည်း ဆက်တိုက်ဆိုသလို ပါဝင်လာခဲ့ပါတယ်။ ကာရာဟာ နာမည်ကြီးဒီဇိုင်နာတွေရဲ့ လက်စွဲတော် မော်ဒယ်မိန်းကလေးအဖြစ်လည်း လူသိများကြပါတယ်။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ထူးချွန်ဆု တော်တော်များများရရှိထားတဲ့ ကာရာဟာ သရုပ်ဆောင်လောကကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။

play

 

၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Paper Towns လူငယ် အချစ်ဇာတ်မြူး ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ခပ်မိုက်မိုက် ကောင်မလေးအဖြစ် ပေါ့ပေါ့ပါးပါး ဇာတ်ရုပ်လေးမှာ သရုပ်ဆောင်ခဲ့ပါတယ်။ Pan ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရေသူမလေးတွေအဖြစ် ဧည့်သည်သရုပ်ဆောင်အဖြစ်သာ သူမ ပါဝင်ခဲ့ပါတယ်။

play

 

အခု လက်ရှိမှာတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ DC ရဲ့ Suicide Squad နာမည်ကြီး ရုပ်ရှင်ဇာတ်ကာာလည်း အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ကာရာဟာ သူမကိုယ်သူမ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူအဖြစ် တရားဝင် ဖွင့်ဟဝန်ခံထားသူပါ။ လက်ရှိမှာ ချစ်သူမိန်းကလေးနဲ့အတူ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေ မကြာခဏ လူမှုကွန်ရက်တွေပေါ်မှာ တင်လေ့ရှိတဲ့ သူမဟာ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်ရိုက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ