International Celebrity: ရှေ့နှစ် Super Bowl ရဲ့ Halftime Show မှာ လေဒီဂါဂါဖျော်ဖြေမယ်

, updated

ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

play

 

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပတဲ့ NFL Super Bowl ရဲ့ ရှေ့နှစ်ပြိုင်ပွဲမှာ လေဒီဂါဂါက အထူးဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။ ပွဲကစားချိန် ပထမပိုင်းနဲ့ ဒုတိယပိုင်းကြားမှာ နာရီဝက်နားချိန်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။

play

 

ဒါဟာ ဂါဂါအတွက် ပထမဆုံးအကြိမ် Super Bowl ဖျော်ဖြေမှုတော့မဟုတ်ပါဘူး။ ယခုနှစ် Super Bowl မှာလည်း နိုင်ငံတော်သီချင်းကို သီဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ လာမယ့်နှစ်Super Bowl မှာတော့ အထူးဖျော်ဖြေပွဲ (Halftime Show)ကို ဖျော်ဖြေရမှာဖြစ်ပါတယ်။ ၅၁ ကြိမ်မြောက် NFL Super Bowl ချန်ပီယံရှစ်ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှာ တက္ကဆက်ပြည်နယ်၊ ဟတ်ဆန်မြို့က NRG အားကစားရုံမှာ ကျင်းပမယ်လို့ သိရပါတယ်။

play

 

Super Bowl ရဲ့ ပွဲကစားချိန် ခေတ္တရပ်နားချိန် ဖျော်ဖြေပွဲတွေဟာ တစ်နှစ်နဲ့တစ်နှစ် မတူညီစွာ ထူးခြားလေ့ရှိပြီး ယခုနှစ်မှာတော့ ဘီယွန်းဆေးက ဖျော်ဖြေသွားခဲ့ပါတယ်။

ှSource : US Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ