International Celebrity: Super Junior အဖွဲ့ဝင် ရောင်ဝတ် စတင်စစ်မှုထမ်း

, updated

၂၀၁၈ ခုနှစ် ဇူလိုင်ကျရင် ကျန်းမာစွာနဲ့ ပြန်လာပါမယ်

play

 

Super Junior အဖွဲ့သားလေး ရောင်ဝတ်ဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ စစ်မှုထမ်းဆောင်ဖို့အတွက် တပ်မတော်ကိုဝင်ရောက်သွားခဲ့ပါပြီ။ မသွားခင်မှာတော့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

play

 

စစ်သားတွေရဲ့ဆံပင်ပုံစံအတိုင်း ခပ်တိုတိုညှပ်ထားတဲ့ရောင်ဝတ်က Miru Tree ပန်းခြံမှာ ပရိသတ်တွေကို တွေ့ဆုံခဲ့တာပါ၊ " ကျွန်တော် အထိအခိုက်မရှိ ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါ့မယ်။ ကျွန်တော် ၂၀၁၈ ခုနှစ် ဇူလိုင်ကျရင် ကျန်းမာစွာနဲ့ ပြန်လာပါမယ်" လို့ ဆိုပါတယ်။

play

 

ရောင်ဝတ်ဟာ အခြေခံလေ့ကျင့်ခန်းတွေကို သီတင်းပတ် ၅ ပတ်ကြာ ပြုလုပ်ရမှာဖြစ်ပြီး တပ်မတော်မှာ ၂၁ လကြာ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ