International Celebrity: Superbowl မှာ ဖျော်ဖြေပေးဖို့ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း အဒဲလ်ပြောကြား

အခြားအဆိုတော်တွေက ပါဝင်ခွင့်ရဖို့ မျှော်လင့်နေချိန်မှာ အဒဲလ်ကတော့ Super Bowl ဖျော်ဖြေဖို့ကို စိတ်မဝင်စားပါဘူး။

play

 

အမေရိကန်ဘောလုံးပြိုင်ပွဲ Super Bowl ကစားပွဲ ခေတ္တနားချိန်မှာ ဖျော်ဖြေဖို့ လာရောက်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အဒဲလ်က ဆိုပါတယ်။

play

 

စနေနေ့က လော့စ်အန်ဂျလိစ်မှာပြုလုပ်တဲ့ သူမရဲ့ ဖျော်ဖြေပွဲအတွင်းမှာ အဒဲလ်က " ပထမဆုံးအနေနဲ့ ကျွန်မ Super Bowl မှာ ဖျော်ဖြေမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အဲ့ဒီရှိုးပွဲက ဂီတနဲ့ပတ်သက်တာမဟုတ်ဘူး" လို့ ပြောခဲ့တာပါ။ ယင်းဖျော်ဖြေပွဲမှာ သူမအနေနဲ့ ကပြတာမျိုးလည်းမလုပ်နိုင်ကြောင်းနဲ့ လာရောက်ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ်လို့လည်း အဒဲလ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

play
ယခုနှစ် Super Bowl တွင် ဖျော်ဖြေနေသော ဘီယွန်းဆေးနှင့် ခရစ္စမာတင်

 

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်မယ့် နာမည်ကျော် Super Bowl ပွဲစဉ်ကို တက္ကဆက်ရှိ NRG ကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပွဲကစားမှု ခေတ္တရပ်နားစဉ် ဖျော်ဖြေမှုတွေဟာ ကြီးကျယ်ခမ်းနားလေ့ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ