International Celebrity: အမြွှာဖခင်ဖြစ်တော့မယ့် Supernatural မင်းသား ဂျန်ဆန်အက်ကလက်စ်

Dean ကတော့ ကလေးတို့ရဲ့ဖေဖေ ဖြစ်သွားပါပြီ။

play

 

Supernatural ဇာတ်ကားတွေနဲ့ နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ အမေရိကန်သရုပ်ဆောင်ဒါရိုက်တာ ဂျန်ဆန်အက်ကလက်စ်ရဲ့ ဇနီးသည်မှာ လွယ်ထားရတဲ့ကိုယ်ဝန်ဟာ အမြွှာရင်သွေးဖြစ်တယ်လို့ သိရပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ် ဂျန်ဆန်နဲ့ မင်းသမီး ဒန်နီးလ်ဟားရစ်တို့ဟာ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သုံးနှစ်အရွယ် သမီးတစ်ဦးကိုလည်း ရနှင့်ပြီးပါပြီ။ ယခု ဒန်နီးလ်လွယ်ထားရတဲ့ အမြွှာကိုယ်ဝန်ကတော့ သားတစ်ဦးနဲ့ သမီးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ကုန်ပိုင်းလောက်ကျရင်တော့ အမြွှာရင်သွေးလေးတွေကို မွေးဖွားတော့မှာဖြစ်ပါတယ်။

play
ဂျန်ဆန်ရဲ့အင်စတာဂရမ်မှာတော့ ကလေးတွေနဲ့မိသားစုဖြစ်လာမယ့်အကြောင်း ဖိနပ်လေးတွေနဲ့ တင်ထားပါတယ်

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ