International Celebrity: ချစ်သက်တမ်းငါးနှစ်မြောက်အဖြစ် အဒဲလ်ရဲ့ချစ်သူက surprise လုပ်ခဲ့

ပရိသတ်တွေလည်း ဝမ်းသာကြည်နူးသွားကြရပါတယ်။

play

 

အဒဲလ်ရဲ့ချစ်သူ ဆိုင်မွန် ကွန်နက်ကီရဲ့ နှစ်ပတ်လည် အမှတ်တရလက်ဆောင်ဟာ အဒဲလ်အတွက်သာမက ပရိသတ်တွေကိုပါ အံ့သြဝမ်းသာစေခဲ့ပါတယ်။

play

 

တနင်္လာညက နက်ရှ်ဗီးလ်မှာ ပြုလုပ်ခဲ့တဲ့ အဒဲလ်ရဲ့ဖျော်ဖြေပွဲမှာ ရုတ်တရက်ဆိုသလို ရောင်စုံစက္ကူတွေ ကျလာခဲ့ပါတယ်။ စက္ကူလေးတွေပေါ်မှာတော့ အဒဲလ်ကို ဘယ်လောက်ချစ်ကြောင်းကို လက်ရေးနဲ့ရေးထားပါတယ်။ ရှိုးပွဲအဆုံးမှာ မိုးရွာသလို ကျလာတဲ့ စက္ကူစတွေကိုကြည့်ရင်း ပရိသတ်တွေက အဒဲလ်အတွက် ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်။

play

 

အဒဲလ်နဲ့ ဆိုင်မွန်တို့ အတူပေါင်းသင်းလာတာ ၅ နှစ်ရှိပါပြီ။ လက်မထပ်ရသေးပေမဲ့ ၃ နှစ်အရွယ် သားလေး အန်ဂျလိုကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ