AD
AD
AD
play

 

Suzy လက်မှတ်ထိုးပေးခဲ့တဲ့ အစိုးရထံအသနားခံလွှာစောင်မှာ မှားယွင်းဖော်ပြခံရတဲ့ စတူဒီယိုက Suzy ကို တရားစွဲဖို့ စီစဉ်နေကြောင်း သူမရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြဿနာအစက Yang Ye Won ဆိုတဲ့ ဆိုရှယ်မီဒီယာဆယ်လီက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရကြောင်း ဗီဒီယိုဖိုင်နဲ့ ဖွင့်ချလိုက်တဲ့ ကိစ္စပါ။

Yang Ye Won က မေလ ၁၆ ရက်နေ့မှာ သူမရဲ့ YouTube Channel ကနေ "လိင်ပြစ်မှုတစ်ခုမှာ ကျွန်မ သားကောင်ဖြစ်ခဲ့ရတယ်။ ကျွန်မရဲ့ဇာတ်လမ်းကို နားထောင်ပေးပါနော်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

"ကျွန်မက ခံရတဲ့သူဖြစ်တဲ့ ကျွန်မ ဒါတွေကို ဖုံးကွယ်ပြီး နာကျင်မနေသင့်ဘူးလို့ ကျွန်မကို ချစ်တဲ့ လူအားလုံးက ပြောကြတယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး ကိုရီးယားမှာ လူတွေ ဘယ်လိုတွေ ဒုက္ခရောက်နေတယ်။ ဆိုးသွမ်းတဲ့လူတွေက ဘာတွေလုပ်နေတယ်ဆိုတာကို ဖွင့်ချချင်လာမိပါတယ်" လို့ သူမက ဗီဒီယိုကို အစပျိုးခဲ့ပါတယ်။

play

 

သူမရဲ့ဖြစ်စဉ် အကျဉ်းချုပ်တော့ လွန်ခဲ့တဲ့ ၃ နှစ်က Photo Model လုပ်ဖို့ လက်မှတ်ထိုးခဲ့ပြီး အဝတ်မဲ့ပုံတွေ အတင်းအကျပ် ခြိမ်းခြောက် ရိုက်ခိုင်းခံခဲ့ရတာပါ။ အကြောက်လွန်ပြီး ဘယ်သူမှမပြောခဲ့သလို မင်းသမီးဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။ မေလ ၈ ရက်နေ့မှာတော့ သူမရဲ့အဝတ်မဲ့ပုံတွေ အွန်လိုင်းမှာ ပျံ့သွားခဲ့တဲ့အတွက် ဒီဖြစ်ရပ်ကို ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။

သူမကို အားပေးကြသူတွေထဲမှာ Suzy လည်း ပါဝင်ခဲ့ပြီး အစိုးရထံတင်တဲ့ အသနားခံလွှာကို သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

ဒါပေမဲ့ အသနားခံလွှာထဲမှာပါတဲ့ နေရာမှာဖွင့်ထားတဲ့ စတူဒီယိုက ရိုက်ကူးမှုပြုလုပ်တဲ့နေ့စွဲက သူတို့စတူဒီယိုမဖွင့်ခင်က ဖြစ်နေတယ်လို့ ပြောပါတယ်။  ဒါကြောင့် သူတို့ရဲ့ဂုဏ်ကျက်သရေထိခိုက်မှုအတွက် Suzy မှာလည်း တာဝန်ရှိတယ်၊ လိုအပ်တဲ့ တရားစွဲဆိုမှုတွေပြုလုပ်မယ်လို့ ဆိုပါတယ်။

play

 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မေလ ၂၁ ရက်နေ့က JYP Entertainment က အခုလို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

"ဆူဇီက မေလ ၁၉ ရက်နေ့မှာ အဲဒီစတူဒီယိုကို လူကိုယ်တိုင်တောင်းပန်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က တောင်းပန်မှုကို လက်မခံဘဲ သူတို့ရဲ့ရှေ့နေကို ဆက်သွယ်ဖို့ပဲ ပြောလာပါတယ်။ ဆူဇီက ဒီကိစ္စအတွက် ဆိုရှယ်မီဒီယာကနေလည်း တောင်းပန်ပြီးပါပြီ။ သူတို့သဘောထားကို သိပြီဆိုတော့ ရှေ့နေနဲ့ ဆွေးနွေးပြီး ဖြေရှင်းရပါလိမ့်မယ်" လို့ JYP Entertainment က ကြေညာခဲ့ပါတယ်။

Source : soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD