International Celebrity: ဒရာမာကားသစ်မှာ ခေါင်းဆောင်အဖြစ်ပါဝင်မယ့် T-ara အဖွဲ့ဝင်ဂျီယွန်း

မော်ဒယ်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ ကောင်မလေးတစ်ဦးရဲ့နေရာမှာ သရုပ်ဆောင်မှာပါ။

play

 

T-ara အဖွဲ့ဝင် အဆိုတော်လေး ဂျီယွန်းက ဒရာမာကားတစ်ကားမှာ ခေါင်းဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။

My Runway အမည်ရှိ ဒရာမာကားမှာ ဟန်စောယွန်းအမည်နဲ့ ပါဝင်ရမယ်လို့ သတင်းကြားပါတယ်။ ဒီဇာတ်ကောင်ဟာ မော်ဒယ်တစ်ဦးဖြစ်ချင်နေတဲ့ ထူးချွန်ထက်မြက်တဲ့ အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပါတယ်။ မော်ဒယ်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ စောယွန်းရဲ့နေရာမှာ ဂျီယွန်းက သရုပ်ဆောင်မှာပါ။

play

 

ဂျီယွန်းဟာ Dream High 2 နဲ့ Master of Study တို့လို လူကြိုက်များတဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ