International Celebrity: T.O.P ရဲ့ ဆေးခြောက်မှုအတွက် G-Dragon တောင်းပန်

BIGBANG ပရိသတ်တွေ့ဆုံပွဲမှာ တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

G-Dragon ဟာ BIGBANG ပရိသတ်တွေ့ဆုံပွဲမှာ T.O.P ရဲ့ ဆေးခြောက်မှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

play

 

BIGBANG ပရိသတ်တွေ့ဆုံပွဲကို ဂျပန်နိုင်ငံ Osaka Kyocera Dome မှာ ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး T.O.P ကလွဲလို့ အဖွဲ့သားအားလုံး တက်ရောက်ခဲ့ကြပါတယ်။

ပွဲအစမှာ G-Dragon က T.O.P ဆေးခြောက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်စကားဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

"စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဒီလိုအဖြစ်မျိုး နောက်ထပ်မဖြစ်စေရပါဘူး။ ကျွန်တော်တို့ကို ဆက်ပြီး အားပေးပါ" လို့ G-Dragon က ပြောခဲ့တာပါ။

play

 

T.O.P ဟာ ဆေးခြောက်သုံးစွဲမှုဆိုင်ရာ စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝန်ခံထားတယ်လို့ သိရပြီး တောင်းပန်စာရေးသားခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရပါတယ်။

ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှာ ရဲအရာရှိအဖြစ် စစ်မှုထမ်းနေတဲ့ T.O.P ဟာ ဆေးခြောက်သုံးမှုနဲ့ ဖမ်းဆီးစစ်ဆေးခံလိုက်ရတာပါ။  ရဲအရာရှိသင်တန်းပေး အဆောက်အအုံထဲမှာ လေ့ကျင့်သင်တန်းဆင်းနေစဉ် အတွင်းမှာ ရဲတပ်ဖွဲ့က သတင်းရခဲ့တဲ့အတွက် သူ့ရဲ့ဆံပင်ကို စစ်ဆေးလိုက်ချိန်မှာ ဆေးခြောက်သုံးထားတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ဆက်စပ်သတင်း >> BIGBANG အဖွဲ့ဝင် T.O.P ဆေးခြောက်သုံးမှုနဲ့ အဖမ်းခံရ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ